OpenAI က ChatGPT မှာ Tasks Feature အသစ်ကို ထည့်သွင်းပေးလိုက်ပါတယ်။ လက်ရှိမှာ Beta Testing အဆင့်မှာပဲ ရှိပါသေးတယ်။ ဒီ Feature က ChatGPT ကို ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်လို အသုံးပြုနိုင်မှာ ဖြစ်ပြီး Reminder, Notification နဲ့ တခြား Alerts တွေကို စီမံခန့်ခွဲပေးနိုင်ပါတယ်။
Tasks ကြောင့် ChatGPT ဟာ သုံးစွဲသူတွေကို ပိုမို ကူညီလာနိုင်ပါတယ်။ မေးခွန်းတွေကို ဖြေတာ အပြင် သင့်လိုအပ်ချက်အလိုက် အလုပ်တွေ လုပ်ပေးနိုင်ပါတယ်။ ဥပမာ အနေနဲ့ နံနက် ၇ နာရီတိုင်းမှာ ရာသီဥတု သတိပေးချက်တွေလို Reminder တွေကို ပို့ပေးနိုင်ပါတယ်။ သင့် သူငယ်ချင်း မွေးနေ့လို အရေးကြီးတဲ့ Event တွေအကြောင်း သတိပေးနိုင်ပါတယ်။
Tasks ဟာ Reminder တွေကို စီမံခန့်ခွဲတာထက် ပိုပါတယ်။ သင့် Conversation ကို အခြေခံပြီး အကြံပြုချက်ပေးနိုင်ပါတယ်။ သင်ဟာ ခရီးစဉ် တစ်ခုအကြောင်း ပြောထားရင် ChatGPT က ပတ်စ်ပို့၊ အဝတ်အစားတွေ ထည့်သွင်းဖို့ သတိပေးမှာပါ။
လက်ရှိမှာ Tasks ကို ChatGPT Web Version မှာပဲ အသုံးပြုနိုင်ပါသေးတယ်။ Tasks တွေကို Device မျိုးစုံမှာ စီမံခန့်ခွဲနိုင်ပါတယ်။ တစ်ကြိမ်မှာ Tasks ၁၀ ခုအထိ ပြုလုပ်နိုင်ပါတယ်။
Ref : Gizchina