OPPO က တရုတ်မှာ A2 Pro ကို ကြေညာလိုက်ပြီး 6.7” FHD+ AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားကာ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ MediaTek Dimensity 7050 Chipset မောင်းနှင်ထားပြီး 67W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်ထားပါတယ်။

Oppo A2 Pro 5G appears in official telecom listing with specs and images - GSMArena.com news

OPPO က Battery ဟာ အနည်းဆုံး ၄ နှစ်အထိ အသုံးခံတယ်လို့ ပြောပါတယ်။ Battery ကျန်းမာရေးဟာ ဝယ်ယူပြီး ၄ နှစ်အတွင်း ၈၀ ရာခိုင်နှုန်းအောက် ကျဆင်းသွားရင် OPPO က အခမဲ့ Battery လဲလှယ်ပေးမှာ ဖြစ်ပါတယ်။

OPPO A2 Pro မှာ 12GB RAM နဲ့ 512GB UFS 3.1 Storage အထိ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကြီးမားတဲ့ ကင်မရာ Island နဲ့ Cutout ၄ ခု ထည့်သွင်းထားပြီး 64MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါပါတယ်။

OPPO A2 Pro with 6.7″ FHD+ 120Hz curved AMOLED display, Dimensity 7050, up to 12GB RAM announced

Android 13 အခြေပြု ColorOS 13.1 မောင်းနှင်ထားပြီး IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပါတယ်။

OPPO A2 Pro အတွက် Vast Black , Desert Brown (Vegan Leather) နဲ့ Twilight အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB ကို ၂၄၈ ဒေါ်လာနဲ့ 12/512GB ကို ၃၃၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ စတင် ရောင်းချမှာပါ။

Ref : gsmarena