OPPO A38 ကို ကုမ္ပဏီရဲ့ UAE Website မှာ ကြေညာလိုက်ပြီး 50MP Main ကင်မရာနဲ့ LTE-only Chipset ထည့်သွင်းထားပါတယ်။ UAE ရဲ့ အဓိက မြို့တော် အားလုံးမှာ 5G ရနေပြီ ဖြစ်ပေမယ့် 4G ပဲ ထည့်ပေးထားတာက စဉ်းစားလို့ မရပါဘူး။

Oppo A38 silently debuts with a 50 MP camera and 33W fast charging

OPPO A38 မှာ 6.56” LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါပါတယ်။

Oppo A38 silently debuts with a 50 MP camera and 33W fast charging

Chipset က MediaTek Helio G85 ဖြစ်ပြီး 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားကာ 1TB micro SD စိုက်နိုင်ပါတယ်။

Oppo A38 silently debuts with a 50 MP camera and 33W fast charging

OPPO A38 မှာ 5,000mAh Battery နဲ့ 33W SuperVOOC Charging ထည့်သွင်းထားပြီး ၂ နှစ်ခွဲကြာ Update ရမယ်လို့ကုမ္ပဏီက ပြောပါတယ်။

Dual SIM စွမ်းရည်၊ နားကြပ်ပေါက်၊ Bluetooth 5.3 နဲ့ GNSS Standard တွေ ထည့်သွင်းထားပါတယ်။ Black နဲ့ Gold အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena