OPPO က ၂၀၂၄ ခုနှစ်ကုန်မှာ တရုတ်မှာ A5 Pro ကို ကြေညာခဲ့ပြီး အခုတော့ ဖုန်း အသစ် ၂ လုံးကို မိတ်ဆက်လိုက်ပါတယ်။ OPPO A5 နဲ့ A5 Energy Edition လို့ နာမည်ပေးထားပါတယ်။

OPPO A5

အဲဒီဖုန်းမှာ Snapdragon 6 Gen 1 Chipset ပါလာပြီး 6.7” AMOLED Full HD+ Display , 120Hz Refresh Rate ထည့်ထားပါတယ်။ Punch Hole မှာ 8MP ကင်မရာ တပ်ထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Oppo A5 and A5 Energy are now official

အနောက်ဘက်က ကြီးမားတဲ့ Island မှာ စက်ဝိုင်း ၄ ခု ပါလာပေမယ့် 50MP Main နဲ့ 2MP Portrait ကင်မရာ ၂ လုံးပဲ တပ်ထားပါတယ်။ တတိယ စက်ဝိုင်းက LED Flash ဖြစ်ပြီး စတုတ္ထစက်ဝိုင်းက အလှတပ်ထားတာပါ။

Oppo A5 and A5 Energy are now official

45W Charging ပါတဲ့ 6,500mAh Battery ပါလာပြီး IP69 စံနှုန်း၊ Android 15 အခြေပြု ColorOS 15 ထည့်ထားပါတယ်။ Zircon Black, (Purple), Crystal Diamong (Pink) နဲ့ Blue ၃ ရောင်ထုတ်ထားပါတယ်။ 8/128GB ကို ၁၈၀ ဒေါ်လာ၊ 8/256GB ကို ၂၁၀ ဒေါ်လာ၊ 12/256GB ကို ၂၅၀ ဒေါ်လာနဲ့ 12/512GB ကို ၂၇၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

 

OPPO A5 Energy Edition

A5 Energy Edition မှာ Dimensity 6300 Chipset , 6.67” LCD HD+ Display နဲ့ 50MP+2MP အနောက်ကင်မရာ ပါလာပါတယ်။ 45W Charging ပါတဲ့ 5,800mAh Battery ထည့်ထားပါတယ်။

Oppo A5 and A5 Energy are now official

ColorOS 15 Interface , NFC, IP69 စံနှုန်း ပါလာပြီး Amber Black (Brownish hue), Jade Green နဲ့ Agate Powder (Pink gradient) အရောင်ထုတ်လုပ်ထားပါတယ်။ 8/256GB ကို ၁၆၅ ဒေါ်လာ၊ 12/256GB ကို ၁၉၅ ဒေါ်လာနဲ့ 12/512GB ကို ၂၂၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena