OPPO က အိန္ဒိယမှာ A78 4G ကို ကြေညာလိုက်ပြီး အောက်ခြေကလွဲကာ ကျန်တဲ့ မျက်နှာပြင်ဘေးဘောင် ၃ ခုက ပါးလွှာပါတယ်။ 6.43” FHD+ AMOLED မျက်နှာပြင်တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 600 nits Peak Brightness ထည့်ထားပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

Oppo A78

Snapdragon 680 SoC မောင်းနှင်ထားပြီး Adreno 610 GPU ပါတဲ့အတွက် Multitasking ပိုကောင်းကာ စွမ်းဆောင်ရည် ချောမွတ်ပါတယ်။ 8GB LPDDR4X RAM နဲ့ 128GB UFS 2.2 Storage ထည့်ထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ Android 13 အခြေပြု ColorOS 13.1 မောင်းနှင်ထားပြီး 67W SuperVOOC Fast Charging ပါတဲ့ 5,000mAh Battery ထည့်ထားပါတယ်။

Oppo

အနောက်ဘက်မှာ 50MP နဲ့ 2MP Portrait ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ ဆက်သွယ်မှု အပိုင်းမှာ 4G VoLTE SIM Slots, Wi-Fi 802.11 ac (2.4GHz + 5GHz) , Bluetooth 5.0 , GPS  နဲ့ USB Type-C Port တွေ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာပြီး နားကြပ်ပေါက်နဲ့ စတီရီယို စပီကာ ထည့်သွင်းထားပါတယ်။

OPPO A78 ရဲ့ 8GB/128GB Version ကို ၁၇,၄၉၉ ရူပီး သတ်မှတ်ထားပြီး Aqua Green နဲ့ Mist Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina