OPPO က Dimensity 6020 SoC နဲ့ Android 13 အခြေပြု ColorOS 13.1 ပါတဲ့ OPPO A79 ကို ကြေညာလိုက်ပါတယ်။ 8GB LPDDR4X RAM နဲ့ 128GB UFS 2.2 Storage ထည့်သွင်းထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။

Oppo A79 goes official with Dimensity 6020 SoC and 50MP camera

OPPO A79 မှာ 6.72” 90Hz FullHD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး Panda Glass နဲ့ ကာကွယ်ထားပါတယ်။ 391 ppi ထောက်ပံ့ထားပြီး 680 Nits Peak Brightness ပါပါတယ်။ OPPO က နေရောင်အောက်မှာ ဖုန်း မျက်နှာပြင်ကို ကြည့်လို့ ကောင်းစေတဲ့ Sunlight Display လို့ ညွှန်းဆိုထားပါတယ်။

Oppo A79 goes official with Dimensity 6020 SoC and 50MP camera

အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ 33W Wired Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Oppo A79 goes official with Dimensity 6020 SoC and 50MP camera

ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး 5G ဆက်သွယ်မှု၊ IP54 စံနှုန်း၊ USB-C နဲ့ နားကြပ်ပေါက်‌‌တွေ ထည့်သွင်းထားပါတယ်။ စတီရီယို စပီကာ ၂ လုံး တပ်ဆင်ထားပြီး Mystery Black နဲ့ Glowing Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။

OPPO A79 ကို ၂၄၀ ဒေါ်လာ သတ်မှတ်ထားပြီး အိန္ဒိယမှာ OPPO ရဲ့ တရားဝင် အွန်လိုင်း စတိုး၊ Flipkart ၊ Amazon.in နဲ့ တခြား မြေပြင်စတိုး‌‌တွေ ကနေ ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena