[Zawgyi]

တရုတ္လူမႈကြန္ရက္ ၀ီဘိုမွာ OPPO ရဲ႕ ေနာက္ထြက္မယ့္ အလန္းစား ColorOS 7 ရဲ႕ Invite Poster ၁ ခု ထြက္ေပၚလာပါတယ္။ Poster အရ ColorOS 7 ကို ဒီလေႏွာင္းပိုင္းမွာ ေၾကညာမယ္လို႔ အရိပ္အျမြက္ သတင္းေပးထားပါတယ္။ Invite Poster မွာ ၂၀၁၉ ခုႏွစ္ ႏို၀င္ဘာလ ၂x မွာ ေၾကညာမယ္လို႔ ေရးသားထားၿပီး ရက္စြဲ ၂ လံုးထဲက ၁ လံုးကို ေဖ်ာက္ထားပါတယ္။ အဲဒီအတြက္ ဒီလ တတိယပတ္ ဒါမွမဟုတ္ စတုတၳပတ္မွာ ေၾကညာမွာ ျဖစ္ပါတယ္။

OPPO ရဲ႕ ဒုတိယ ဥကၠဌ Shen Yiren က ကုမၸဏီရဲ႕ စြမ္းရည္ျမင့္ စမတ္ဖုန္း OPPO Reno 10x Zoom အတြက္ ColorOS 7 ကို ျဖန္႔ခ်ိေပးမယ္လို႔ အေစာပိုင္းက ေျပာထားပါတယ္။ အဲဒါကလြဲလို႔ အဲဒီ Operating System အေၾကာင္းကို ဘာမွ မသိရေသးပါဘူး။  ဒီလ အေစာပိုင္းက Realme India ရဲ႕ စီအီးအို Madhav Sheth က ကုမၸဏီဟာ သတင္းထြက္ေနသလို Realme စမတ္ဖုန္းေတြအတြက္ RealmeOS ကို ျဖန္႔ခ်ိမွာ မဟုတ္ဘဲ ColorOS 7 ရဲ႕ Customized Version ကို ထုတ္လုပ္ေပးမယ္လို႔ ေျပာထားပါတယ္။

Xiaomi နဲ႔ Huawei တို႔ဟာ သူတို႔ရဲ႕ ကိုယ္ပိုင္ Android Skin အသစ္ကို ေၾကညာထားၿပီးၾကပါၿပီ။ အခုေတာ့ OPPO ကလည္း သူ႔ကိုယ္ပိုင္ Android Skin ကို ထုတ္ျပေတာ့မွာ ျဖစ္ပါတယ္။ OPPO က ၿပီးခဲ့တဲ့ႏွစ္ ႏို၀င္ဘာလမွာ ColorOS 6 ကို ျဖန္႔ခ်ိခဲ့ၿပီး User Interface အသစ္၊ Game Boost 2.0 ၊ ကင္မရာ အသစ္၊ ဂိမ္း လုပ္ေဆာင္ခ်က္၊ လံုျခံဳေရး လုပ္ေဆာင္ခ်က္ေတြနဲ႔ တျခား အရာေတြ ပါလာပါတယ္။

ColorOS 7 အေၾကာင္းကို လက္ရွိမ်ာ သိပ္မသိရေသးပါဘူး။ ေနာက္ဆံုးထုတ္ Android 10 OS ကို အေျချပဳ ဖန္တီးထားမယ္လို႔ထင္ပါတယ္။ OPPO ရဲ႕ ကိုယ္ပိုင္ လုပ္ေဆာင္ခ်က္ အလန္းစားေတြကို ထည့္သြင္းထားႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

OPPO ColorOS 7 ကို ဒီလနှောင်းပိုင်းမှာ ဖြန့်ချိမည်

တရုတ်လူမှုကွန်ရက် ဝီဘိုမှာ OPPO ရဲ့ နောက်ထွက်မယ့် အလန်းစား ColorOS 7 ရဲ့ Invite Poster ၁ ခု ထွက်ပေါ်လာပါတယ်။ Poster အရ ColorOS 7 ကို ဒီလနှောင်းပိုင်းမှာ ကြေညာမယ်လို့ အရိပ်အမြွက် သတင်းပေးထားပါတယ်။ Invite Poster မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂x မှာ ကြေညာမယ်လို့ ရေးသားထားပြီး ရက်စွဲ ၂ လုံးထဲက ၁ လုံးကို ဖျောက်ထားပါတယ်။ အဲဒီအတွက် ဒီလ တတိယပတ် ဒါမှမဟုတ် စတုတ္ထပတ်မှာ ကြေညာမှာ ဖြစ်ပါတယ်။

OPPO ရဲ့ ဒုတိယ ဥက္ကဌ Shen Yiren က ကုမ္ပဏီရဲ့ စွမ်းရည်မြင့် စမတ်ဖုန်း OPPO Reno 10x Zoom အတွက် ColorOS 7 ကို ဖြန့်ချိပေးမယ်လို့ အစောပိုင်းက ပြောထားပါတယ်။ အဲဒါကလွဲလို့ အဲဒီ Operating System အကြောင်းကို ဘာမှ မသိရသေးပါဘူး။ ဒီလ အစောပိုင်းက Realme India ရဲ့ စီအီးအို Madhav Sheth က ကုမ္ပဏီဟာ သတင်းထွက်နေသလို Realme စမတ်ဖုန်းတွေအတွက် RealmeOS ကို ဖြန့်ချိမှာ မဟုတ်ဘဲ ColorOS 7 ရဲ့ Customized Version ကို ထုတ်လုပ်ပေးမယ်လို့ ပြောထားပါတယ်။

Xiaomi နဲ့ Huawei တို့ဟာ သူတို့ရဲ့ ကိုယ်ပိုင် Android Skin အသစ်ကို ကြေညာထားပြီးကြပါပြီ။ အခုတော့ OPPO ကလည်း သူ့ကိုယ်ပိုင် Android Skin ကို ထုတ်ပြတော့မှာ ဖြစ်ပါတယ်။ OPPO က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ColorOS 6 ကို ဖြန့်ချိခဲ့ပြီး User Interface အသစ်၊ Game Boost 2.0 ၊ ကင်မရာ အသစ်၊ ဂိမ်း လုပ်ဆောင်ချက်၊ လုံခြုံရေး လုပ်ဆောင်ချက်တွေနဲ့ တခြား အရာတွေ ပါလာပါတယ်။

ColorOS 7 အကြောင်းကို လက်ရှိမျာ သိပ်မသိရသေးပါဘူး။ နောက်ဆုံးထုတ် Android 10 OS ကို အခြေပြု ဖန်တီးထားမယ်လို့ထင်ပါတယ်။ OPPO ရဲ့ ကိုယ်ပိုင် လုပ်ဆောင်ချက် အလန်းစားတွေကို ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina