OPPO ရဲ့ ပထမဆုံး Clamshell ပုံစံ ခေါက်နိုင်တဲ့ ဖုန်းအမျိုးအစားဖြစ်တဲ့ Find N2 Flip ဖုန်းဟာ Google Android 14 Beta 1 Update အသစ်ကို အသုံးပြုနိုင်မဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းတွေထဲက တစ်ခုဖြစ်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Developer တွေနဲ့ Early-adopter တွေအနေနဲ့ သူတို့ရဲ့ OPPO ခေါက်ဖုန်းပေါ် လုပ်ဆောင်ချက်အသစ်တွေနဲ့ APIs အသစ်တွေကို အသုံးပြုပြီး Developer ဗားရှင်းဖြစ်တဲ့ Android 14 ရဲ့ ပထမဆုံး ColorOS Version Beta ကို တွေ့ကြုံ ခံစားအသုံးပြုနိုင်မှာဖြစ်ပါတယ်။

OPPO ရဲ့ Head of the Flagship Product Line ဖြစ်သူ Mr. Peter Dohyung Lee က “OPPO Find N2 Flip ဟာ ခေါက်စမတ်ဖုန်းအသစ်တွေအတွက် မြင့်မားတဲ့ စံနှုန်းတစ်ခု သတ်မှတ်ပေးခဲ့တာ အသေအချာပါပဲ။ ကျွန်တော်တို့အနေနဲ့ Find N2 Flip ကို ဖန်တီးဖို့ ပင်ကိုယ်ဒီဇိုင်းမူတွေနဲ့ ဆန်းသစ်တီထွင်မှုအပိုင်းမှာ ထိပ်တန်းအင်ဂျင်နီယာတွေနဲ့ အတူပေါင်းစပ် ဖန်တီးထားကြတာဖြစ်ပါတယ်။ Android 14 နဲ့ အတူ ကျွန်တော်တို့ဟာ ပြိုင်ဘက်ကင်းတဲ့ Software တွေနဲ့ နောက်ဆုံးပေါ် Hardware တွေကို ပေါင်းစပ်ပြီး ခေါက်နိုင်တဲ့ ဖုန်းတွေရဲ့ ဖြစ်တည်မှုကို ဆက်လက်မြှင့်တင်သွားဖို့ လုပ်ဆောင်သွားပါမယ်” ဟု ပြောကြားခဲ့ပါတယ်။

Android Developers Blog: Android 14 Beta 1

Android 14 မှာ လုပ်ဆောင်မှု၊ စွမ်းဆောင်ရည်၊ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံမှု၊ လုံခြုံရေးနဲ့ အသုံးပြုသူ စိတ်ကြိုက်ပြင်ဆင်ခြင်းအပိုင်းတွေကို မြှင့်တင်ပေးမဲ့ လုပ်ဆောင်ချက်တွေ များစွာပါဝင်ပါတယ်။

ဒီ Android 14 ဟာ Mid-display Back Arrow အသစ်နဲ့ ပိုမိုကောင်းမွန်တဲ့ System Share Sheet လိုမျိုး ပိုမိုနားလည်သဘောပေါက် လွယ်စေမဲ့ User Interface တွေကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

သုံးစွဲသူ အချက်အလက် ထိန်းသိမ်းမှု (User Privacy) ကို ပိုမိုခိုင်မာစေဖို့ ဒီစနစ်ဟာ Application တွေကို Accessibility Services ပိုင်းမှာ သတ်မှတ်ထားတဲ့ ကြည့်ရှုမှုတွေကိုသာ ဝင်ရောက်နိုင်ဖို့ ခွင့်ပြုမှာဖြစ်ပါတယ်။

OPPO Find N2 Flip Set To Flip Australian Smartphone Market

OPPO ဟာ Google နဲ့ ပူးပေါင်းလုပ်ဆောင်မှု တစ်ရပ်အနေနဲ့ Speech-to-Text လုပ်ဆောင်ချက်ကို Find N2 Flip ရဲ့ Cover Screen မှာတင် အသုံးပြုလို့ရအောင် မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။

Find N2 Flip Global User တွေကတော့ ဒီနှစ်နှောင်းပိုင်းမှပဲ Android 14 ကို အခြေခံထားတဲ့ ColorOS Public Version ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

OPPO Find N2 Flip မှာ အကြီးမားဆုံး Cover Screen၊ ခေါက်ရာမထင်သလောက် နည်းပါးတဲ့ မျိုးဆက်သစ် Flexion Hinge နဲ့ တစ်နေ့တာလုံး အသုံးခံတဲ့ ဘတ်ထရီနဲ့ SUPERVOOC အားသွင်းမြန်စနစ်တို့ ပါ၀င်ပါတယ်။

Android 14 Beta 1 Update မှာ အဓိက ColorOS Update 4 ခုနဲ့ Global User တွေအတွက် ၅ နှစ်စာ Security Update တွေလဲ ပါရှိမှာဖြစ်ပါတယ်။

Source: OPPO