OPPO Find N2 ဟာ MWC Shanghai မှာ ကျင်းပပြုလုပ်တဲ့ 2023 Asia Mobile Awards မှာ အာရှရဲ့ Best Smartphone in Asia အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
GSMA ရဲ့ Asia Mobile Awards ဟာ ဆက်သွယ်ရေးလုပ်ငန်းပိုင်းအတွက် ဂုဏ်သိက္ခာအရှိဆုံး ဂုဏ်ထူးဆောင်ဆု ဖြစ်ပါတယ်။ GSMA က ထင်ရှားတဲ့ ကျွမ်းကျင်သူတွေကနေ စွမ်းဆောင်ရည်၊ ဆန်းသစ်တီထွင်မှုနဲ့ လုပ်ငန်း ခေါင်းဆောင်မှုတို့ ပါဝင်တဲ့ စံနှုန်းတွေအပေါ် အခြေခံပြီး Best Smartphone in Asia Award ကို ပေးအပ်လေ့ရှိပါတယ်။
ဒီနှစ်ဆုပေးပွဲဟာ OPPO Find N2 ရဲ့ အားသာချက် တစ်ခုချင်းကို အသိအမှတ်ပြုရုံသာမက OPPO ရဲ့ လုပ်ငန်းနယ်ပယ်မှာ ပိုမိုကျယ်ပြန့်တဲ့ အသိအမှတ်ပြုခံရမှုနဲ့ ဦးဆောင်မှုကိုလည်း ထင်ဟပ်နေတာ ဖြစ်ပါတယ်။
OPPO Find N2 ဟာ OPPO ရဲ့ ဒုတိယမြောက် မျိုးဆက်သစ် Flagship Foldable စမတ်ဖုန်းဖြစ်ပါတယ်။ Find N2 ဟာ အလွန်ပေါ့ပါးပြီး တာရှည်ခံတဲ့ Flexion Hinge နဲ့ Industry ရဲ့ ပထမဆုံးသော Aerospace-grade Carbon Fiber Screen ပါဝင်တဲ့ Frame နဲ့ အတူ တာရှည်ခံပြီး ယုံကြည်စိတ်ချတဲ့အပြင် ပေါ့ပါးစွာခေါက်နိုင်တဲ့ အတွေ့အကြုံကို ရရှိစေမှာဖြစ်ပါတယ်။
Find N2 ဟာ မူလ Find N ရဲ့ Golden Folding Ratio အတိုင်း လိုက်လျောညီထွေ ပြုလုပ်ထားပြီး သူ့ရဲ့ Internal နဲ့ External Screen နှစ်ခုလုံးအတွက် E6 120Hz Display တွေကို အသုံးပြုထား ပါတယ်။ အလွန်ကောင်းမွန်တဲ့ အားသွင်းစနစ်နဲ့ ဘက်ထရီသက်တမ်း၊ ဖုန်းမှာ တပ်ဆင်ထားတဲ့ Hasselblad Camera နဲ့ FlexForm Mode တို့ ပေါင်းစပ်ထားတဲ့ OPPO Find N2 ဟာ ပေါ့ပါးပြီး နေ့စဉ်အသုံးပြုရန်အတွက် ပြီးပြည့်စုံစွာ ဒီဇိုင်းထုတ်ထားတဲ့အတွက် အလွန်အသုံးဝင်မဲ့ ခေါက်နိုင်တဲ့ ဖုန်းအမျိုးအစားဖြစ်ပါတယ်။
OPPO Find N2 ဟာ ၂၀၂၂ နှစ်ကုန်ပိုင်းက စတင်၍ ထွက်ရှိလာခဲ့ပြီး IDC ရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် Q1 မှာ OPPO Find N2 Serie ဟာ စျေးကွက်ဝေစု ၃၅.၀ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံရဲ့ ခေါက်ဖုန်းဈေးကွက်မှာ ပထမအဆင့် ဆွတ်ခူးခဲ့ပြီး အဆိုပါကာလအတွင်း OPPO ကို ဖုန်းတင်ပို့ရောင်းချမှုမှာ နံပါတ်တစ်နေရာကို ရောက်ရှိဖို့ ကူညီပံ့ပိုးပေးခဲ့ပါတယ်။
OPPO ဟာ ကျယ်ပြန့်တဲ့ Ecosystem ကနေ တစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူတွေအတွက် အဆင့်မြင့် လူနေမှုဘဝ အတွေ့အကြုံတွေကို ပေးအပ်ကာ ဆန်းသစ်တီထွင်မှု အရင်းခံတဲ့ လုပ်ငန်းပုံစံကို အားပေးမြှင့်တင်လျက်ရှိပါတယ်။
၂၀၂၃ ခုနှစ်မှာ OPPO ဟာ ဆန်းသစ်တီထွင်မှုအရှိဆုံး အာရှ-ပစိဖိတ်ကုမ္ပဏီ ၁၀ ခုအနက်က တစ်ခုအဖြစ် Fast Company ရဲ့ သတ်မှတ်ခြင်းခံရပြီး iF International Forum Design က စုစုပေါင်း ဆု ၁၅ ခုလည်း ဆွတ်ခူးရရှိခဲ့ ပါတယ်။
OPPO က OPPO Air Glass နဲ့ 2023 Edison Best New Product Awards၊ OPPO Battery Health Engine အတွက် 2023 SEAL Sustainable Product Award အပါအဝင် အခြားထုတ်ကုန်တွေအတွက် ဆုများစွာ အသီးသီး ရရှိခဲ့ပါသေးတယ်။
Source: OPPO