OPPO က Find N3 Flip အမည်ရ Clamshell Foldable ဖုန်းကို ကြေညာလိုက်ပါတယ်။ Hasselblad ကင်မရာ စနစ် ထည့်သွင်းထားပြီး 48MP Ultrawide , 32MP Portrait (2x Optical Zoom) နဲ့ 50MP Main (OIS) ကင်မရာတွေ တပ်ဆင်ထားပါတယ်။

Oppo Find N3 Flip brings improved cameras and Dimensity 9200 chip

3.26” AMOLED Cover မျက်နှာပြင်မှာ App နဲ့ Widgets အားလုံးကို ဖွင့်နိုင်ပါတယ်။ MediaTek Dimensity 9200 Chipset မောင်းနှင်ထားပြီး LPDDR5x RAM နဲ့ UFS 4.0 Storage ထည့်သွင်းထားပါတယ်။

Oppo Find N3 Flip

6.8” LTPO AMOLED ပင်မ မျက်နှာပြင် ပါလာပြီး 1080x2520p Resolution နဲ့ 1-120 Adaptive Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်မှာ Ultra-thin Glass (UTG) ကို သုံးထားပြီး 1600 Nits Peak Brightness အထိ ပြသပေးပါတယ်။

Oppo Find N3 Flip

Android 13 အခြေပြု ColorOS 13.2 မောင်းနှင်ထားပြီး 44W Fast Charging ထောက်ပံ့တဲ့ 4,300mAh Battery ပါပါတယ်။ Black, Gold နဲ့ Rose အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 12/256GB ကို ၉၃၂ ဒေါ်လာနဲ့ 12/512GB ကို ၁,၀၄၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Oppo Find N3 Flip

တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena