OPPO Find N3 ကို ဒီလ တရုတ်မှာ ရောင်းချတော့မှာ ဖြစ်ပြီး အဲဒီဖုန်းကို နိုင်ငံတကာမှာ OnePlus Open အမည်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
လပေါင်းများစွာ သတင်းပေါက်ကြားခဲ့ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်က တရားဝင် Teaser တွေ ထွက်လာပြီးနောက်မှာ အဲဒီဖုန်း ကြေညာမယ့်နေ့ကို တရားဝင် သိရပါပြီ။
OPPO Find N3 ကို တရုတ်မှာ ဒီလ ၁၉ ရက်နေ့ ကြေညာမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ မော်ဒယ် ဖြစ်တဲ့ OnePlus Open ကိုလည်း အဲဒီနေ့မှာ ကြေညာနိုင်ပေမယ့် တရားဝင် အတည်မပြုထားသေးပါဘူး။
ပေါက်ကြားသတင်းတွေအရ OPPO Find N3 ရဲ့ Specs တွေကို သိထားပြီးပါပြီ။ OPPO ရဲ့ Foldable ဖုန်းမှာ Samsung Galaxy Z Fold 5 ကို အနိုင်ယူနိုင်တဲ့ အထင်ကြီးစရာ ဟာ့ဒ်ဝဲတွေ တပ်ဆင်ထားမှာပါ။
7.8” အတွင်း မျက်နှာပြင်နဲ့ 6.31” အပြင် မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Snapdragon 8 Gen 2 Chip ၊ LPDDR5x RAM နဲ့ UFS 4.0 Storage ထည့်သွင်းထားမှာပါ။ Hasselblad-tuned အနောက်ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး 48MP Main , 48MP Ultrawide နဲ့ 64MP 3x Telephoto တွေ ဖြစ်ပါတယ်။
Alert Slider ပါလာမှာ ဖြစ်ပြီး Android 13 ထည့်ထားမှာပါ။ 67W Wired Charging ထောက်ပံ့တဲ့ 4,800mAh Battery ထည့်ထားမှာပါ။
Ref: gizmochina