OPPO နဲ့ Hasselblad တို့ရဲ့ ပူးပေါင်းဖန်တီးထားတဲ့ အံ့သြဖွယ် ဖုန်းနဲ့ ကင်မရာ ပေါင်းစပ်မှု လက်ရာကို လက်တွေ့ခံစားနိုင်တော့မှာပါ။

ယနေ့‌ခေတ်မှာ ဓာတ်ပုံပညာဟာ ဒစ်ဂျစ်တယ်ဓာတ်ပုံခေတ်ကို အသွင်ကူးပြောင်းလာနေတဲ့အတွက် Mobile Phone ထုတ်လုပ်သူတွေအနေနဲ့ Hardware စွမ်းဆောင်ရည် (Pixel အရေအတွက်၊ Sensor အရွယ်အစား၊ Aperture အရွယ်အစား၊ ရိုက်ကူးရာတွင် တုန်ခါမှု ခံနိုင်စွမ်းစသဖြင့်) နည်းပညာတွေကို အဆက်မပြတ် တိုးတက်‌အောင် အစဥ်အမြဲ ကြိုးပမ်းနေကြပါတယ်။

Hasselblad ကင်မရာကို ၁၉၄၁ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး အခုမှာတော့ သက်တမ်း ၈၁ နှစ်ရှိပြီပဲဖြစ်ပါတယ်။ Hasselblad ရဲ့ SLR ကင်မရာတွေ ထုတ်လုပ်မှုနဲ့ ချို့ယွင်းချက် ရှာဖွေပြုပြင်ခြင်းဆိုင်ရာ လုပ်ဆောင်မှုအားလုံးကို High-end Medium Format ကင်မရာအမျိုးအစားတွေနဲ့ ကိုယ်တိုင်လုပ်ဆောင် ပြုပြင်နေတဲ့အတွက် Mobile Phone ထုတ်လုပ်သူများနဲ့ ကင်မရာထုတ်လုပ်သူများအကြား ဒီပူးပေါင်းဆောင်ရွက်မှုဟာ Brand အတွက်ရော အခြေအနေကောင်းတစ်ရပ်ပဲဖြစ်ပါတယ်။

Hasselblad ရဲ့ အဆင့်မြင့် High-end Medium Format ကင်မရာက သူ့ရဲ့ အမှတ်သင်္ကေတတစ်ခုပဲဖြစ်ပါတယ်။ Hasselblad ကင်မရာတွေဟာ Landscape၊ Still၊ Portrait ပုံတွေ ရိုက်ကူးတာနဲ့ Special Purpose Photography အတွက် အလွန်ကောင်းမွန်ပြီး Color Performance လုပ်ဆောင်နိုင်တာတွေကြောင့် ပိုပြီး လူသိများကျော်ကြားပါတယ်။

OPPO အနေနဲ့ Find N2 Flip ဖုန်းအသစ်မှာ Mobile Phone Imaging System တွေကို ဖန်တီးတီထွင်ဖို့အတွက် Hasselblad နဲ့လဲ ပူးပေါင်းဖန်တီးခဲ့ပါတယ်။ OPPO က ကောင်းမွန်တဲ့ ဓာတ်ပုံတစ်ပုံကို ပေးစွမ်းနိုင်ဖို့အတွက် OPPO Find N3 Flip ဖုန်းမှာတော့ OPPO Mobile Imaging Technology နဲ့ Hasselblad ရဲ့ Color Precipitation လုပ်ဆောင်ချက်ကို ထည့်သွင်း အသုံးပြုထားပါတယ်။

ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုဟာ ဖုန်းနဲ့ ရိုက်ကူးရာမှာ ပုံရဲ့ အရောင်တွေအတွက် စံနှုန်းအသစ်တစ်ခုကို ဖန်တီးနိုင်စေရုံသာမက ဓာတ်ပုံရိုက်ကူးရာမှာ ပိုမိုသဘာဝကျပြီး ပိုမိုရိုးရှင်းတဲ့ ရိုက်ကူးမှု နည်းလမ်းကို ယူဆောင်လာနိုင်ခဲ့ပြီး အသုံးပြုတွေအတွက် ပိုမိုလွယ်ကူအဆင်ပြေစေမှာ ဖြစ်ပါတယ်။

OPPO Flip ဖုန်းက ဖုန်းလုပ်ငန်းနယ်ပယ်ကို ဘယ်လို ဦးဆောင်ခဲ့သလဲ
Find N3 Flip ရဲ့ ထင်ရှားတဲ့ လုပ်ဆောင်ချက်တွေထဲကတစ်ခုကတော့ Find X6 series ရဲ့ ပုံရိပ်ဖော်နိုင်စွမ်းကို အပြည့်အဝ ဆက်လက်လုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။ ဥပမာ “3 Lens camera” Imaging System ကို Flip ဖုန်းမှာ ပထမဦးဆုံးအကြိမ် မိတ်ဆက်လိုက်တာပဲဖြစ်ပါတယ်။ Find N3 Flip ဟာဆိုရင် 50-megapixel OIS Outsole နဲ့ 48-megapixel Ultra-wide-angle ကင်မရာတို့ တပ်ဆင်ထားပြီး Flagship Wide-angle ကင်မရာ ပါဝင်တဲ့ Professional Portrait Lens တွေကို ပထမဆုံးအကြိမ် ယူဆောင်လာပြီပဲဖြစ်ပါတယ်။

Find N3 Flip မှာ 32-megapixel Telephoto ကင်မရာ ပါဝင်ပြီး အကျိုးကျေးဇူးတွေကိုလဲ သိသာထင်ရှားစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Find N3 Flip ရဲ့ Mobile Imaging ဟာ Zoom ကို 2x Optical Zoom၊ 20x Digital Zoom အထိ ပံ့ပိုးပေးနိုင်ပြီး Flip ဖုန်းမှာ ပထမဆုံးအကြိမ်အဖြစ် 47mm Classic Portrait Professional Focal Length ပါဝင်လာတာပဲဖြစ်ပါတယ်။ 32 Megapixel ရှိတဲ့ Front Camera နဲ့အတူ Aperture 2.4 ပါဝင်တဲ့ Wide Camera ဟာ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံကို ဖန်တီးပေးမှာဖြစ်ပါတယ်။

Hasselblad နဲ့ ပူးပေါင်းဖန်တီးထားတဲ့ Professional Hasselblad Portrait၊ Find X6 series နဲ့ တူညီတဲ့ Ultra-clear Image Quality Engine၊ Natural Color Engine၊ Super Imaging Engine တို့ ပါဝင်လာတဲ့ Find N3 Flip ဟာဆိုရင် ဖုန်းကို ခေါက်ပြီး Wide-angle Selfie ပုံတွေ ရိုက်ကူးတဲ့အခါ ပုံရိပ်မပြတ်သားတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ရုံသာမက ဖုန်းကို ကြိုက်တဲ့ ထောင့်ချိုးတွေမှာ ခေါက်သိမ်းပြီး ပုံရိုက်ကူးနိုင်သလို Focal Lengths များစွာ အသုံးပြု ရိုက်ကူးနိုင်စေဦးမှာဖြစ်လို့ အသုံးပြုသူတွေကို မြင်ကွင်းတိုင်းအတွက် အဖက်ဖက်မှ ပြီးပြည့်စုံတဲ့ ရိုက်ကူးမှု အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီဇိုင်း
OPPO Find N3 Flip ရဲ့ ဒီဇိုင်းပိုင်မှာတော့ ကျက်သရေရှိတဲ့ ဒီဇိုင်း၊ ဖက်ရှင်နဲ့ အရည်အသွေးမြင့် ခေါက်သိမ်းနိုင်တဲ့ ခံစားမှုတို့ကို ရရှိအောင် ဖန်တီးထုတ်လုပ်ထားပါတယ်။

OPPO Find N3 Flip မှာဆိုရင် Flagship ကင်မရာဒီဇိုင်းကို ပုံဖော်ပေးနိုင်ဖို့အတွက် Cosmos Ring Design ကို Circle ပုံစံနဲ့ အနုစိတ် ဖန်တီးထားပြီး Starlight Track နဲ့ အတူ အံဝင်ခွင်ကျဖြစ်နေတဲ့ Pro Design ကို မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။ Find N3 Flip ရဲ့ ကင်မရာ Module အသစ်မှာဆိုရင် High-end Watch တွေမှာ ပါဝင်တဲ့ နာရီရဲ့ ဒိုင်ခွက်ကို Inspire ရယူထားပြီး ပြုလုပ်ထားပါတယ်။

နောက်ထပ် သုံးစွဲသူတွေအတွက် အသစ်တစ်ခုဖြစ်စေမဲ့အရာကတော့ Alert Slider ပဲ ဖြစ်ပါတယ်။ Alert Slider ဟာ ဖုန်းကို Unlock ဖွင့်စရာ မလိုဘဲ Silent၊ Vibrate နဲ့ Ring Mode တွေကို လျင်လျင်မြန်မြန် ပြောင်းပြီး အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် တိတ်ဆိတ်နေတဲ့ အခြေအနေတွေမှာ ရုတ်တရက် ဖုန်းအသံကျယ်ကျယ်လောင်လောင် ထမြည်တာကို တားဆီးနိုင်မှာဖြစ်ပါတယ်။

OPPO Find N3 Flip ရဲ့ ဖုန်းပတ်ပတ်လည်ကို သက်သောင့်သက်သာရှိပြီး ဖုန်းကိုင်သုံးစွဲမှု ကောင်းမွန်စေဖို့ Micro-Carved Flowing Hinge ဒီဇိုင်းနဲ့ ပြုလုပ်ထားပါတယ်။ Micro-Carved Flowing Hinge ဒီဇိုင်းကို ရေမျက်နှာပြင်ကို နေရောင်ထိုးလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ အလင်းတန်းကဲ့သို့ ဒီဇိုင်း ရရှိစေဖို့ Hinge ပေါ်မှာ Micrometer ဓားလေးကို အသုံးပြုပြီး ပုံဖော်တဲ့အခါ တစ်ချက်ကို ၃ မိနစ် ဖြင့် အချက်ပေါင်း 12,000 ထွင်းထု ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။

Find N3 Flip ဖုန်းဟာ Premium ဆန်တဲ့ တိကျသေသပ်တဲ့ ကွေးညွတ်မှုနဲ့ ကိုက်ညီတဲ့ ဒီဇိုင်းကို ဖန်တီးထားပြီး Find N3 Flip ရဲ့ နောက်ကျောဘက် 3D Curve ဒီဇိုင်းဟာ တခြားသော Flip ဖုန်းတွေထက် ပိုမို ကွေးညွတ်ချောမွေ့တဲ့ In-hand Experience ကို ကောင်းကောင်း ခံစားရရှိနိုင်မှာပါ။ ဒါပြင် Find N3 Flip ရဲ့ ထောင့်ကွေးအနားတွေကို 74.5 Degree Angle ရရှိအောင် ဖန်တီးထားတဲ့အတွက် ဖုန်း အဖွင့်၊ အပိတ်ပြုလုပ်တဲ့အခါ၊ ဖုန်းအသုံးပြုတဲ့အခါမှာ လက်ထဲမှာ သက်သောင့်သက်သာနဲ့ ထူးခြားတဲ့ Hand Feeling ကို ရရှိစေမှာြဖစ်ပါတယ်။

OPPO Find N3 Flip ဟာ Color တွေနဲ့ Layer တွေကို ချဲ့ကားပြုလုပ်နိုင်တဲ့အပေါ် အဓိက မထားဘဲ ခေတ်စားနေတဲ့ Luxury Accessories အရောင်တွေဖြစ်တဲ့ Cream Gold နဲ့ Sleek Black အရောင်တို့ရဲ့ နူးညံ့မှုတွေနဲ့ စမတ်ကျတဲ့ အရောင်တွေကို အခြေခံရွေးချယ်ထားပြီး “ကျက်သရေရှိမှု” နဲ့ “စတိုင်ကျမှု” အဖြစ် ပြောင်းလဲအဓိပ္ပာယ် ဖွင့်ဆိုထား ပါတယ်။ ဖုန်းရဲ့ Rotating Shaft ကို ပုံဖော်ပြုလုပ်ရာမှာ လှပစွာ ဆန်းသစ်ပြုလုပ်ထားတဲ့ Texture ပေါင်း ထောင်ချီလဲ ပါဝင်ပါတယ်။

OPPO အနေနဲ့ Flip Screens နယ်ပယ်မှာ ဦးဆောင်ဖို့ ရည်မှန်းချက်ထားခဲ့မယ်ဆိုရင် Find N3 Flip ဟာ ဒီဗျူဟာကို အကောင်အထည်ဖော်ပေးမဲ့ နောက်ဆုံးပေါ် အကောင်းဆုံး ထုတ်ကုန်တစ်ခုပဲ ဖြစ်ပါတယ်။ OPPO Find N3 Flip ဟာ Flip Screens နယ်ပယ်မှာ နောက်ဆုံးပေါ် အကောင်းဆုံး ထုတ်ကုန်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ မကြာမီမှာတော့ OPPO Find N3 Flip ကို မြန်မာနိုင်ငံဈေးကွက်မှာ စတင်မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။

မကြာမီ မြန်မာနိုင်ငံဈေးကွက်မှာ စတင်မိတ်ဆက်သွားတော့မဲ့ OPPO Find N3 Flip အကြောင်း ထပ်မံသိရှိလို့ပါက OPPO Myanmar Facebook https://tinyurl.com/3rcdptrm နဲ့ Website https://bit.ly/3MglJl9 လေ့လာနိုင် ပါတယ်။

Media release: OPPO