“အသက်ဝင်တဲ့ အခိုက်အတန့်တိုင်းကို Full-scene AI Imagine Master နဲ့အတူ အဆင့်မြှင့်တင်လိုက်ပါ”
OPPO က ၎င်းရဲ့ နောက်ဆုံးထွက် AI ဖုန်း Series ဖြစ်ပြီး ကမ္ဘာတစ်ဝန်းက Flagship အဆင့်ရှိ AI လုပ်ဆောင်ချက်များကို ယူဆောင်လာကာ သုံးစွဲသူတွေအတွက် ပိုမိုကျယ်ပြန့်တဲ့ အလုံးစုံ စွမ်းဆောင်ရည် နဲ့အတူ OPPO Reno13 Series ကို ဇန်နဝါရီ ၂၂ ရက်နေ့ က Official Launch ကနေ မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ OPPO Reno13 5G ကို ၂,၂၉၉,၉၀၀ ကျပ် ဖြင့်လည်းကောင်း ၊ OPPO Reno13 F ကို ၁,၃၉၉,၉၀၀ ကျပ် ဖြင့်လည်းကောင်း တရားဝင် စတင်မိတ်ဆက်ခဲ့ပါတယ်။ IP69 Water and Dust Resistance ရဲ့ ပံ့ပိုးမှု ပါရှိတဲ့ Underwater Photography (ရေအောက်ဓာတ်ပုံရိုက်ခြင်း) ကို တပ်ဆင်ထားတဲ့ OPPO Reno13 Series ဟာ တီထွင်ဖန်တီးမှုကောင်းတဲ့ Creator တွေ ၊ ဂိမ်းကစားသူတွေနှင့် နေ့စဉ်အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အစွမ်းထက်လှတဲ့ Hardware နဲ့ အလိုအလျောက်သိနိုင်စွမ်းရှိတဲ့ Software တို့ကို ပေါင်းစပ်ထားပြီး Performance နဲ့ AI လုပ်ဆောင်နိုင်စွမ်းတွေမှာ လျော့ကျမှုတွေ မရှိအောင် ဖန်တီးပြုလုပ်ရင်း စမတ်ဖုန်းတွေရဲ့ စံချိန်စံနှုန်းအသစ် တစ်ခုကို သတ်မှတ်ထားတာဖြစ်ပါတယ်။ ထူးခြားဆန်းသစ်တဲ့ ရေအောက်ဓာတ်ပုံရိုက်ခြင်းနည်းပညာ၊ Android နဲ့ IOS အကြားက တားဆီးမှုတွေကို ချိုးဖျက်နိုင်မှုတွေ အတူ Android စမတ်ဖုန်းများအကြား ၊ မြန်မာနိုင်ငံဈေးကွက်အတွင်း အချောမွေ့ဆုံး OS စနစ်လို့ပြောနိုင်တဲ့ ColorOS 15 နဲ့အတူ ထွက်ရှိလာတဲ့ OPPO Reno13 Series ဟာ Android Killer လို့ခေါ်တွင်ရလောက်အောင် ဆန်းသစ်လာတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
OPPO Reno13 Series ဖြစ်တဲ့ OPPO Reno13 5G ကို ၂,၂၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း ၊ OPPO Reno13 F ကို ၁,၃၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း ဇန်နဝါရီ ၂၃ ရက်နေ့ကစ၍ မြန်မာနိုင်ငံတစ်ဝန်းမှာ တရားဝင်ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး OPPO Reno13 Series ရဲ့ တရားဝင် မိတ်ဆက်ပွဲအခမ်းအနားကိုတော့ OPPO Reno Series Ambassador မင်းသားချော ပိုင်တံခွန် ၊ Lu Hpring ၊ Shine ၊ စံထိပ်ထားဦး ၊ လင်းအောင်ခေတ် ၊ Lara Devora နဲ့အတူ အခြားသော OPPO ရဲ့ မိသားစုဝင် အနုပညာရှင် ညီအကိုမောင်နှမများက တက်ရောက်ခဲ့ကြပြီး OPPO Reno13 Series ရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ ဆွေးနွေးပြောပြခဲ့ကြကာ ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
သန့်စင်လှပလွန်းတဲ့ လက်မှုပညာနဲ့ဖော်ကြူးထားတဲ့ တာရှည်ခံ ဒီဇိုင်း
ကြီးကျယ်ခမ်းနားပြီး မှော်ဆန်တဲ့ လိပ်ပြာတွေရဲ့ အတောင်ပံတွေမှ ရရှိလာတဲ့ စိတ်ကူးစိတ်သန်းတွေကို ရေးဆွဲကာ ပုံဖော်ထားတဲ့ OPPO Reno13 Series ဟာ နည်းပညာနှင့် ဖက်ရှင်ပေါင်းစပ်မှုကို ကိုယ်စားပြုကာ ပိုပြီးထူးခြားတောက်ပနေတဲ့ ဒီဇိုင်းအသစ်နဲ့အတူ ထွက်ရှိလာတာဖြစ်ပါတယ်။ OPPO Reno13 5G မှာဆိုရင် 1.5K OLED မျက်နှာပြင်ကို 120Hz Refresh Rate နှင့် 93.4% Screen-to-body Ratio အဖြစ် ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno13 ကို iPhone တွေမှာ အသုံးပြုကြတဲ့ Aerospace Aluminium ကို အသုံးပြုထားတာကြောင့် တာရှည်ခံရုံသာမက ကိုင်ရတဲ့ ခံစားချက်အနေနဲ့ဆိုရင်လဲ iPhone တစ်လုံးကို ကိုင်ထားရသလို ခံစားရစေမှာဖြစ်ပါတယ်။ OPPO Reno13 မှာဆိုရင် ဆန်းပြားသစ်လွင်လှပတဲ့ လိပ်ပြာဒီဇိုင်းနဲ့ Plume White ၊ ခန့်ညားပြီး ထူးခြားတဲ့ ဒီဇိုင်း နဲ့ Luminous Blue ၊ OPPO Reno13 F မှာဆိုရင် လိပ်ပြာဒီဇိုင်းနဲ့ သန့်ရှင်းလှပသပ်ရပ်တဲ့ Plume Purple နဲ့ တည်ကြည်တဲ့ အထိအတွေ့ကို ခံစားရစေမဲ့ Graphite Grey ဆိုပြီး မြင်တွေ့ရမှာဖြစ်ပါတယ်။
ဈေးတန်းတူ စမတ်ဖုန်းများ အကြား ပထမဦးဆုံးတွေ့ရဲ့ Underwater Photography
ဈေးတန်းတူ စမတ်ဖုန်းထုတ်ကုန်တွေမှာဆိုရင် IP69 Water and Dust Resistance ဆိုပြီး အသီးသီး ပါရှိကြပေမဲ့ OPPO ရဲ့ Underwater Photography mode ဟာဆိုရင် ဈေးတန်းစမတ်ဖုန်းထုတ်ကုန်တွေအကြား ပထမဦးဆုံး ပါဝင်လာတဲ့ ဓာတ်ပုံရိုက်ကူးခြင်းနည်းပညာဖြစ်ပါတယ်။ OPPO Reno13 Series ဟာ IP66 ၊ IP68 ၊ IP69 Water and Dust Resistance အဆင့်သတ်မှတ်ချက် တစ်ဆင့်ချင်းစီ ပါဝင်ပံ့ပိုးမှုနဲ့အတူ ပိုပြီးဆန်းသစ်တဲ့ ရေအောက်ဓာတ်ပုံရိုက်ကူးခြင်းနည်းပညာကို ပြင်ပက အသုံးပြုရတဲ့ ရေစိုခံအိတ်တွေ သို့မဟုတ် ဆက်စပ်ပစ္စည်းများ မလိုအပ်ဘဲ ဓာတ်ပုံ နဲ့ ဗီဒီယိုပါ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ OPPO Reno13 Series မှာဆိုရင် ရေအောက်ဓာတ်ပုံရိုက်ကူးမှုအတွက် ပိုပြီး ထူးခြားကောင်းမွန်တဲ့ အရောင်ချိန်ညှိနိုင်မှုတွေ၊ ဘဝတစ်သက်တာ အမှတ်တရဖြစ်စေနိုင်တဲ့ အသက်ဝင် ရိုက်ချက်တွေနဲ့ အရမ်း အားစိုက်ထုတ်စရာ မလိုတဲ့ ရေအောက်လုပ်ဆောင်ချက်တွေအတွက် ထိန်းညှိလုပ်ဆောင်နိုင်မဲ့ သီးခြား Underwater Mode ပါရှိလာမယ့်အပြင် စမတ်ဖုန်းရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အဆင့်မြှင့်တင်ထားတဲ့ ရေစစ်ထုတ် လုပ်ဆောင်ချက်ကို တစ်ချက်နှိပ်လိုက်ရုံနဲ့ ရေတွေကိုလဲ စက္ကန့်ပိုင်းအတွင်း ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ အခုလို တီထွင်မှုအားကောင်းတဲ့ လုပ်ဆောင်ချက်ကို ဖန်တီးနိုင်ခဲ့တာကြောင့် ဈေးတန်းတူ ဖုန်းများအကြား သုံးစွဲသူတွေကို အကောင်းမွန်ဆုံး အတွေ့အကြုံတွေကို ခံစားရရှိနိုင်စေမှာဖြစ်ပါတယ်။
ဆန်းသစ်တဲ့ AI လုပ်ဆောင်ချက်တွေနဲ့ မြှင့်တင်ထားတဲ့ ဓာတ်ပုံအတွေ့အကြုံပါရှိလာမဲ့ Full-scene AI Imagine Master
OPPO Reno13 Series ဟာ “Full-scene AI Imagine Master” လို့ ခေါ်ဆိုနိုင်လောက်အောင်ကို ဓာတ်ပုံရိုက်ကူးခြင်းအတွက် ဘက်စုံသော အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ IP69 Water and Dust Resistance ပါဝင်မှုနဲ့အတူ သုံးစွဲသူတွေကို ဈေးတန်းတူ စမတ်ဖုန်းတွေအကြား အတွေ့အကြုံအသစ်တွေကို ပေးစွမ်းနိုင်မဲ့ Underwater Photography အပြင် တခြားသော ထပ်မံအဆင့်မြှင့်တင်ထားတဲ့ AI လုပ်ဆောင်ချက်တွေလဲ ပါရှိလာပါတယ်။ ဘယ်လိုပုံရိပ်တိုင်းအတွက်မဆို ပုံရဲ့ အလှတရားကို ဖျက်ဆီးတတ်တဲ့ အလင်းပြန်မှုတွေကို ဖယ်ရှားပေးနိုင်တဲ့ AI Reflection Remover ၊ မိမိရိုက်ကူးလိုက်တဲ့ သက်ရှိတွေနဲ့ အရာဝတ္ထုတွေက လှုပ်ရှားလို့ပဲဖြစ်စေ ၊ မိမိရဲ့ လက် မငြိမ်သက်မှုကြောင့်ဖြစ်စေ ဝေဝါးသွားတဲ့ ပုံရိပ်တွေကို အကြည်လင်ဆုံး အနေအထားအဖြစ် အမြန်ဆုံးပြန်လည်ပြုပြင်နိုင်မဲ့ AI Unblur ၊ ယခင်က ဓာတ်ပုံအဟောင်းတွေနဲ့ အရည်အသွေးနိမ့်တဲ့ ပုံရိပ်တွေကို အကောင်းဆုံး 4K အဆင့်ရှိ အရည်အသွေးအထိ အကြည်လင်ဆုံးနဲ့ အကောင်းဆုံး ပြန်လည်မြှင့်တင်ပေးနိုင်မဲ့ AI Clarity Enhancer ၊ မလိုအပ်တဲ့ အရာဝတ္ထု နဲ့ လူတွေကို ဖယ်ရှားပေးနိုင်တဲ့ AI Eraser 2.0 အစရှိတဲ့ အားကောင်းတဲ့ Flagship အဆင့်ရှိ AI လုပ်ဆောင်ချက်တွေကလဲ OPPO Reno13 Series နဲ့အတူ တစ်သားတည်းပါရှိလာမှာဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno13 Series ရဲ့ AI Livephoto ဟာဆိုရင်လဲ အလွန်ရှင်းလင်းပြတ်သားပြီး အရည်အသွေးမြင့်မားတဲ့ ပုံရိပ်တွေနဲ့အတူ ရွေ့လျားနေတဲ့ ဓာတ်ပုံတွေအဖြစ် ပြန်လည်သတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Android စမတ်ဖုန်း တွေအကြား အချောမွေ့ဆုံး OS ဖြစ်လာတဲ့ ColorOS 15
စမတ်ဖုန်းတွေမှာ သုံးစွဲသူတွေအပြောများကြတဲ့ RAM , ROM , Chipset တွေအပြင် နောက်ထပ်အရေးကြီးဆုံးကတော့ OS စနစ်ပဲဖြစ်ပါတယ်။ ဒါကြောင့် OPPO က ၂၀၂၄ နှစ်ကုန်ပိုင်းက စတင်ကာ Android တွေအကြား အချောမွေ့ဆုံး စနစ်လို့ ဆိုရလောက်အောင် ချောမွေ့မြန်ဆန်လွန်းတဲ့ နည်းပညာနဲ့ အတူ ဖန်တီးထားတဲ့ ColorOS 15 ကို မိတ်ဆက်ခဲ့ပါတယ်။ ချောမွေ့မြန်ဆန်လွန်းလှတာကြောင့် iOS သုံးရသလိုကို ခံစားနေရစေမဲ့ ColorOS 15 ကို OPPO Reno13 Series မှာထည့်သွင်းပေးလာသလို ယခင်ထွက်ရှိခဲ့ပြီးသား OPPO စမတ်ဖုန်းတွေမှာလဲ ရရှိနိုင်မှာဖြစ်ပါတယ်။ ColorOS 15 ဟာဆိုရင် သာမန်ထက်ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ခံစားရရှိနိုင်ရုံသာမက iPhone နဲ့ Android တွေရဲ့ ချိတ်ဆက်နိုင်မှုအတွက်ပါ အထောက်အကူပြုလာပြီဖြစ်ပါတယ်။ ယခင်က Android နဲ့ iOS တွေအကြား ချိတ်ဆက်ရခက်ခဲတာက အခု OPPO Reno13 Series နဲ့ဆို အတားအဆီးတွေကို အလွယ်တကူ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ OPPO Reno13 Series ရဲ့ Touch to Share လုပ်ဆောင်ချက်နဲ့ဆိုရင် OPPO Reno13 Series စမတ်ဖုန်းတွေနဲ့ iPhone ကို ထိပ်ချင်းဆိုင် တေ့ထားလိုက်ရုံနဲ့ ဓာတ်ပုံတွေကို အချိန်တိုအတွင်းကူးယူနိုင်မှာဖြစ်ပါတယ်။
ကွန်ရက်စွမ်းဆောင်ရည်အတွက် ထိပ်တန်းဖြစ်လာမဲ့ X1 Chipset ပါရှိလာတဲ့ OPPO Reno13
OPPO Reno13 Series မှာဆိုရင် ယခင်ရှိပြီးသား လိုင်းဆွဲအားတွေကို သာမန်ထက်ပိုမိုကောင်းမွန်စေနိုင်တဲ့ AI LinkBoost ကို အခုအခါမှာ OPPO ရဲ့ ကိုယ်ပိုင် SignalBoost X1 Chipset နဲ့အတူ AI LinkBoost 2.0 အထိ အဆင့်မြှင့်တင်ထားပြီးဖြစ်ပါတယ်။ ကိုယ်ပိုင် SignalBoost X1 Chipset ပါရှိမှုကြောင့် လူရှုပ်တဲ့နေရာတွေနဲ့ လိုင်းဆွဲအား ကျဆင်းနေတဲ့ နေရာတွေမှာတောင် တခြားသူတွေထက် ကွန်ရက်စွမ်းဆောင်ရည်ကောင်းမွန်နေမှာ ဖြစ်ပါတယ်။ ဒါတင်သာမက အရပ်မျက်နှာ ၃၆၀ ဒီဂရီ ပတ်ပတ်လည်အတွက် လိုင်းဆွဲအား ပြတ်တောက်မှု မဖြစ်ရလေအောင် အမြန်ဆုံးချိတ်ဆက်ပေးနိုင်မဲ့ 360 Annular Antenna ၁၁ ခုလဲ ထပ်မံပါရှိလာပါတယ်။ OPPO ရဲ့ ကိုယ်ပိုင် SignalBoost X1 Chipset စွမ်းဆောင်မှု ပါရှိတဲ့ AI LinkBoost 2.0 ဟာ နံရံများထဲအထိ ထိုးဖောက် ဝင်ရောက်နိုင်စွမ်းရှိသလို ကွန်ရက် အလုပ်မလုပ်တဲ့ နေရာတွေကို ဖယ်ရှားပေးနိုင်ကာ အင်တာနက် လွှမ်းခြုံနိုင်မှုကို ၄၂.၂ ရာခိုင်နှုန်း မှ ၁၄၅ မီတာအထိ သက်ရောက်စေနိုင်ပြီး Upload အမြန်နှုန်းကိုလဲ ၁၄၃.၁ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြှင့်တင်ထားတဲ့ AI LinkBoost မှာ သုံးစွဲသူတွေအတွက် ခက်ခဲတဲ့ နေရာတွေမှာတောင် ခိုင်မာတဲ့ ချိတ်ဆက်မှု ရှိစေနိုင်ဖို့အတွက် မိမိတို့ရဲ့ ဖုန်းကို အကောင်းဆုံး ကွန်ရက်အနေအထားရောက်အောင် ဘယ်လိုထားရှိရမယ်ဆိုတာကို လမ်းညွှန်ပေးနိုင်တဲ့ Wi-Fi Positioning လုပ်ဆောင်ချက် ပါရှိပါတယ်။ အဆိုပါ လုပ်ဆောင်ချက်ကြောင့် ပိုမိုကောင်းမွန်တဲ့ အွန်လိုင်းဂိမ်းကစားခြင်း၊ တိုက်ရိုက်ကြည့်ရှုခြင်းနှင့် ဖိုင်မျှဝေခြင်းတို့ကို ယခင်ထက် ပိုပြီး ပတ်ဝန်းကျင်မှာ အနှောင့်အယှက်မရှိဘဲ ချောမွေ့မြန်ဆန်စေမှာဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno13 Series တစ်ခုလုံးသည် TÜV Rheinland High Network-Performance Certificate ကို ရရှိထားပါသေးတယ်။
လူငယ်တွေအတွက် အထူးအခွင့်အရေးဖြစ်လာမဲ့ Imaginenation Photography Competition နဲ့ Youth Power Campaign
Full-scene AI Imagine Master အမည်ရ OPPO Reno13 Series မှာဆိုရင် Portrait ၊ AI Night Portrait နဲ့အတူ တခြားသော ဖုန်းတွေနဲ့မတူ တမူထူးခြားစွာ ပါရှိလာတဲ့ Underwater Photography Mode ၊ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို အကောင်းဆုံးသော Flagship အဆင့်ရှိ AI လုပ်ဆောင်ချက်တွေနဲ့ပြုပြင်နိုင်ခြင်း ပါရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် OPPO Myanmar အနေနဲ့ မိမိတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို အချိန်အခါနေရာမရွေး အကောင်အထည် ဖော်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် Imagenation အမည်ရ ဓာတ်ပုံပြိုင်ပွဲကြီးကို လာမယ့် ဇန်နဝါရီလကုန်မှ စတင်ပြီး ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ဘယ်လို ဖုန်းမျိုးနဲ့မဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး အကဲဖြတ်ဒိုင်များအဖြစ် Pro Professional Photographer တွေဖြစ်ကြတဲ့ ဦးခင်မောင်လေး (The Picture Man) နဲ့ ကိုကျော်ကျော်ဝင်း (X-Photographer) တို့မှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အသေးစိတ်အကြောင်းအရာတွေကိုတော့ OPPO Myanmar Facebook Page ကနေ ကြေညာသွားမှာ ဖြစ်ပါတယ်။
ဒါတင်သာမက OPPO က နည်းပညာနဲ့အတူ လူတွေရဲ့ နေ့စဉ် ဘဝကို အဆင်ပြေ သက်သာစေရုံသာမက မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းအတွက် အပြုသဘောဆောင်ပြီး ရေရှည်တည်တံ့မယ့် မျှော်လင့်ချက်တွေကိုလဲ ယူဆောင်လာဖို့ ကြိုးစားနေတာကြောင့် လူ့အဖွဲ့အစည်းကို အထောက်အကူပြုနိုင်မဲ့ Corporate Social Responsibilty (CSR) လုပ်ဆောင်ချက်တွေကိုလဲ ဆောင်ရွက်သွားဖို့ရှိနေပါတယ်။ ဒီတစ်ခေါက် ကျင်းပပြုလုပ်မဲ့ Youth Power အမည်ရ CSR Event မှာဆိုရင် အပိုင်း ၃ ပိုင်း ပါရှိမှာဖြစ်ပြီး ပထမတစ်ခုအနေနဲ့ OPPO Reno13 Series ရဲ့ Underwater Photography Mode ကို ထင်ဟပ်စေချင်သလို လူတိုင်းကိုလဲ ပိုပြီး ကြည်လင်တဲ့ ရေအောက်ကမ္ဘာကို မြင်တွေ့လိုစေတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးထားတဲ့ ရေသန့်စင်ခြင်း လုပ်ငန်းစဉ် အတွက် CSR လုပ်ဆောင်ချက် ၊ ဒုတိယအနေနဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို အားလုံးနဲ့အတူတူ ရေရှည်ထိန်းသိမ်းနိုင်မဲ့ CSR လုပ်ဆောင်ချက် ၊ နောက်ဆုံးတတိယအနေနဲ့ နည်းပညာအားနည်းတဲ့ ပညာရေးနယ်ပယ်တွေမှာ AI ကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ အနာဂတ်ကို ဖန်တီးပေးမဲ့ CSR လုပ်ဆောင်ချက် ဆိုပြီး အပိုင်း ၃ ပိုင်း ခွဲခြားထားတာဖြစ်ပါတယ်။ အခုလို လူ့အဖွဲ့အစာ်းကို အကျိုးပြုတဲ့ CSR လုပ်ဆောင်ချက်တွေမှာ လူငယ်တွေနဲ့အတူ ရှေ့ဆက်လုပ်ဆောင်နိုင်ဖို့ OPPO က လိုလားတာကြောင့် လူငယ်များအားလုံးလဲ ပါဝင်နိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက လူငယ်တွေအတွက်လိုလားတဲ့ ယခု CSR လုပ်ဆောင်ချက်တွေမှာ OPPO Reno Series Product Ambassador ပိုင်တံခွန်က ရေသန့်စင်ခြင်း လုပ်ငန်းစဉ်အတွက် Initiator အဖြစ်လည်းကောင်း၊ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းမဲ့ CSR လုပ်ဆောင်ချက်မှာ Lara Devora က Initiator အဖြစ်လည်းကောင်း၊ လူထုကို AI နဲ့အတူ အကျိုးပြုမြှင့်တင်ပေးမဲ့ CSR လုပ်ဆောင်ချက်မှာတော့ Shine က Initiator အဖြစ်လည်းကောင်း ပါဝင်ကူညီပေးသွားမှာ ဖြစ်ပါတယ်။
ဈေးတန်းတူ PAD များအကြား မျက်စိထိခိုက်မှုက ကင်းဝေးစေမဲ့ Hardware-Level Low Blue Light ပါရှိလာတဲ့ OPPO PAD Neo
OPPO အနေနဲ့ ဒီနှစ်မှာ ပထမဦးဆုံးအနေနဲ့ OPPO Pad Neo ကို ၉၉၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ပထမဦးဆုံး တရားဝင်တင်သွင်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ ခေတ်ရှေ့ပြေးနေတဲ့ နည်းပညာတွေနဲ့အတူ သုံးစွဲသူတွေရဲ့ လိုအပ်မှုတွေဟာ တနေ့တခြား တိုးတက်လာတာဖြစ်သလို လေ့လာမှုအားကောင်းလာတဲ့ ကျောင်းသား ၊ လူငယ် တွေအားလုံးအတွက်လဲ PAD ဟာ မရှိမဖြစ် လိုအပ်တဲ့ စမတ်ပစ္စည်းအဖြစ် ရပ်တည်လာနေပြီဖြစ်ပါတယ်။ ဒါကြောင့် OPPO Myanmar က ဈေးတန်းတူ PAD များအကြား မျက်လုံးထိခိုက်မှု မရှိစေမဲ့အပြင် မျက်လုံးကို အထူးကာကွယ်ပေးနိုင်မဲ့ Hardware-Level Low Blue Light ပါရှိလာမှာဖြစ်သလို Bedtime Mode ပါရှိတာကြောင့် ညဘက် အသုံးပြုမိတဲ့အခါမှာတောင် မျက်လုံးအန္တရာယ်မှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် DOLBY ATMOS ပါရှိတဲ့ အသံစနစ် ၊ 2.4K Read Fit Screen ပါရှိမှုကြောင့် စာဖတ်ခြင်း ၊ ရုပ်ရှင်ကြည့်ခြင်း ၊ သီချင်းနားထောင်ခြင်း နဲ့ ဂိမ်းကစားခြင်းတို့အတွက် အပြစ်ပြောစရာမရှိလောက်အောင် ကောင်းမွန်နေမှာဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာတဲ့ OPPO Pad Neo ကို စတင်ဝယ်ယူတဲ့ သုံးစွဲသူတွေအတွက် လက်ဆောင်အဖြစ် Smart Case တစ်ခု ပေးအပ်သွားမှာဖြစ်ပါတယ်။
Android တွေအားလုံးထဲ အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ Full-scene AI Imagine Master လို့ ခေါ်တွင်တဲ့ OPPO Reno13 Series ရဲ့ ထုတ်ကုန် OPPO Reno13 5G ကို ၂,၂၉၉,၉၀၀ ကျပ် ဖြင့်လည်းကောင်း ၊ OPPO Reno13 F ကို ၁,၃၉၉,၉၀၀ ကျပ် ဖြင့်လည်းကောင်း ဇန်နဝါရီ ၂၃ ရက်နေ့မှ မြန်မာနိုင်ငံတစ်ဝန်းမှာ တရားဝင် စတင်ဝယ်ယူနိုင်ပြီဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ OPPO Reno13 F ကို ဝယ်ယူမဲ့ customer တွေအနေနဲ့ကတော့ အားလုံး စုစုပေါင်း ၆သိန်းကျပ် တန်ဖိုးရှိတဲ့ လက်ဆောင်တွေရရှိမှာဖြစ်ပြီး OPPO Reno13 ကို ဝယ်ယူတဲ့ သုံးစွဲသူတွေအနေနဲ့ After Sales Service (VIP Card)၊ Karaoke Set နဲ့အတူ ATOM Package စုစုပေါင်း ၈သိန်းခွဲကျပ် တန်ဖိုးရှိ လက်ဆောင်တွေကို ရရှိမှာဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno Series ကို ဝယ်ယူထားဖူးသူ Customer အဟောင်းများအနေနဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း OPPO Reno13 Series ကို ထပ်မံဝယ်ယူပါက သီးသန့်ခံစားခွင့်အနေနဲ့ နှစ်စဉ်တစ်နှစ်လျှင် မှန်မကွဲ အခမဲ့ ၂ ကြိမ် လဲလှယ်ခွင့် အထူးလက်ဆောင်အဖြစ် ရရှိမှာ ဖြစ်တာကြောင့် အသေးစိတ်ကို အရောင်းဆိုင်တွေမှာ မေးမြန်းဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Full-scene AI Imagine Master လို့ ခေါ်တွင်တဲ့ OPPO Reno13 Series နဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက OPPO Myanmar Official Facebook Page ၊ Website ၊ Viber နဲ့ Telegram – တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာ နိုင်ပါတယ်။
Media release: OPPO