OPPO က လက်ရှိဈေးကွက်ထဲမှာ ရောင်ချနေတဲ့ A77s၊ A77၊ A17၊ A17k ဖုန်းတွေထဲက ကြိုက်နှစ်သက်ရာ ဖုန်းတစ်လုံးဝယ်ယူမယ်ဆိုရင် လျှော့ချထားတဲ့ ဈေးနှုန်းအသစ်နဲ့ဝယ်ယူနိုင်သလို သန်းဆုကံထူးရှင်လည်း ဖြစ်နိုင်တဲ့ အစီအစဉ်တစ်ခုကို ပြုလုပ်ထားပါတယ်။ ဒီအစီအစဉ်ကတော့ ဇွန်လ ၁၅ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အတွင်း ဝယ်ယူသူတွေအတွက် ဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်ကတော့ A77s၊ A77၊ A17၊ A17k ဖုန်းတစ်လုံးလုံးကို ဝယ်ယူတဲ့ Customer တွေထဲက ကံထူးရှင်နှစ်ယောက်ကို ‌ ဆုငွေ တစ်သန်းစီ ရွေးချယ်ပေးအပ်သွားမှာဖြစ်ပါတယ်။ ပထမရက်သတ္တပတ်အနေနဲ့ ဇွန်လ ၁၅ ရက်ကနေ ၂၂ ရက်နေ့ထိ၊ ဒုတိယရက်သတ္တပတ်အနေနဲ့ ဇွန်လ ၂၃ ရက်ကနေ ၃၀ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒါကြောင့် အထူးသတိထားဖို့လိုအပ်တာကတော့ သတ်မှတ်ကာလတွေအတွင်း A77s၊ A77၊ A17၊ A17k ဖုန်းလေးမျိုးထဲက ဖုန်းတစ်လုံးလုံးကို ဝယ်ယူခဲ့တဲ့ Customer တွေအနေနဲ့ မိမိတို့ ဖုန်းဝယ်ယူခဲ့တဲ့ ရက်သတ္တပတ်ပေါ် မူတည်ပြီးတော့သာ OPPO Myanmar Facebook Page က သက်ဆိုင်ရာ အပတ်စဥ်မှာပဲ ပါဝင်ကံထူးနိုင်မှာဖြစ်ပါတယ်။

အထူးလျှော့ဈေးအနေနဲ့ကတော့ ဇွန်လ ၁၅ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အတွင်း ဝယ်ယူမယ်ဆိုရင် OPPO A77s ကို ၆၆၉,၉၀၀ ကျပ်၊ OPPO A77 ကို ၅၆၉,၉၀၀ ကျပ်၊ OPPO A17 ကို ၄၀၉,၉၀၀ ကျပ်၊ OPPO A17k ကို ၃၁၉,၉၀၀ ကျပ် စတဲ့ ဈေးနှုန်းအသစ်တွေနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် သတ်မှတ်ကာလအတွင်း OPPO A77 ကို ဝယ်ယူမယ်ဆိုရင် အိတ်ဆောင်ပန်ကာနဲ့ OPPO A77s ကို ဝယ်ယူမယ်ဆိုရင် ဘေးတစောင်းလွယ်အိတ်ကို OPPO ကနေ လက်ဆောင်အဖြစ် ထပ်ဆောင်းပေးအပ်သွားမယ်လို့ သိရပါတယ်။

အသေးစိတ်အချက်အလက်တွေကို OPPO Myanmar Facebook မှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။

Source: OPPO