OPPO ဟာ Reno 8T Series ကို မကြာခင်မှာ မိတ်ဆက်ဖို့စီစဥ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် မိတ်မဆက်ခင်မှာ နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ Reno 8T 4G ဖုန်းရဲ့ Render ဓါတ်ပုံတွေကို ဖော်ပြလိုက်ပြီဖြစ်ပါတယ်။

OPPO Reno 8T 4G ဖုန်းဟာ ယခင် Reno Series ဖုန်းတွေနဲ့ယှဥ်ရင် ဒီဇိုင်းပိုင်း ထူးခြားနေပြီးအနောက်ဖက် Camera Setup Design ကို စက်ဝိုင်းပုံစံ ၂ ခုပြုလုပ်ထားတာကို တွေ့ရပါတယ်။ Back Camera အနေနဲ့ Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပြီး Camera Setup ရဲ့ အောက်ခြေမှာ “AI Portrait Camera, Ultra Clear Lens” ဆိုပြီး ရေးသားထားပါတယ်။ ဒါ့အပြင် နောက်ကျောဘက်ကို Leather Design ပြုလုပ်ထားမှာဖြစ်ပါတယ်။

အရှေ့ဘက်ဒီဇိုင်းပိုင်းအတွက် Punch-hole Selfie Camera ပါဝင်တဲ့ Flat Display ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ အပေါ်ဘက်နဲ့ ဘေးဘက်ဘောင်တွေက ပါးလွှာပေမယ့် အောက်ခြေဘောင်က အနည်းငယ်ပိုထူနေတာကိုတွေ့ရပါတယ်။ ထူးခြားချက်အနေနဲ့ Power Button မှာ Fingerprint Sensor ပါဝင်ခြင်းမရှိတာကြောင့် Under-Display Fingerprint Sensor ကို ထည့်သွင်းထားမယ်လို့ယူဆရပါတယ်။

ယခင်တုန်းကထွက်ရှိထားတဲ့သတင်းတွေအရ OPPO Reno 8T 4G ဖုန်းဟာ MediaTek Helio G99 Chipset နဲ့ မောင်းနှင်မှာဖြစ်ပြီး RAM 8GB ပါဝင်မယ်လို့ သိရပါတယ်။ Software ပိုင်းမှာ Android 12 OS ကို အခြေံထားတဲ့ ColorOS ပါဝင်မှာဖြစ်ပါတယ်။ Battery Capacity ကို အတိအကျမသိရသေးပေမယ့် 33W Fast Charging ကို Support ပြုလုပ်သွားမှာဖြစ်ပါတယ်။

Ref – Gizmo China