[Unicode]

OPPO က တရုတ်မှာ Reno3 Series တွေကို မနက်ဖြန်မှာ ကြေညာတော့မှာပါ။ ကုမ္ပဏီက ပြီးခဲ့တဲ့ ၁ ပတ်က အဲဒီ ဖုန်းတွေအတွက် အမှာစာတွေကို စတင် လက်ခံခဲ့ပါတယ်။ အခုတော့ OPPO Reno3 Series အမှာစာတွေ ၅ သိန်းကျော်သွားပြီလို့ သိရပါတယ်။ ကုမ္ပဏီက အရောင်နဲ့ Memory Option တွေကိုပဲ ပြောထားပြီး ဈေးကို မပြောသေးပါဘူး။

OPPO Reno3 အတွက် 8/128GB နဲ့ 12/128GB မော်ဒယ် ၂ ခု ထုတ်လုပ်ပေးထားပြီး Moonlight Black, Moonlight White, Sunrise Impression နဲ့ Blue Starry Night အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ Reno3 Pro အတွက် 8/128GB နဲ့ 12/256GB မော်ဒယ်တွေနဲ့ Fog Moon White, Sunrise Impression, နဲ့ Blue Starry Night အရောင်တွေ ထုတ်လုပ်ပေးထားပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေ အရ Reno3 5G မှာ ၆.၄ လက်မ Full HD+ AMOLED မျက်နှာပြင်နဲ့ အရွယ်သေး Notch ပါလာမှာ ဖြစ်ပါတယ်။ 90Hz Refresh Rate ကို ထောက်ပံ့တဲ့အတွက် ဂိမ်းတွေ ကစားရင် အရမ်းကို ဖလန်းဖလန်းထနေမှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Reno3 မှာ MediaTek Dimensity 1000L Chipset နဲ့ Reno3 Pro မှာ Snapdragon 765G SoC မောင်းနှင်ထားမှာပါ။

မော်ဒယ် ၂ ခုစလုံးမှာ 32MP ဆဲလ်ဖီးကင်မရာတပ်ဆင်ထားပါတယ်။ Reno3 ရဲ့ အနောက်ဘက်မှာ 48MP , 8MP , 2MP နဲ့ 2MP ကင်မရာတွေ ထည့်သွင်းထားမှာပါ။ Pro မှာ 64MP, 8MP , 2MP နဲ့ 2MP ကင်မရာတွေ ပါလာမှာပါ။ မော်ဒယ် ၂ ခုစလုံးမှာ 30W VOOC 4.0 Flash Charge နည်းပညာပါတဲ့ 4,025mAh ဘက်ထရီ ပါပါတယ်။ Android 10 အခြေပြု ColorOS 7 မောင်းနှင်ထားမှာပါ။

ပေါက်ကြားသတင်းတွေအရ Reno3 Pro 5G ကို ၃,၆၉၉ ယွမ်နဲ့ ဈေးကြီးတဲ့ မော်ဒယ်ကို ၄,၁၉၉ ယွမ် သတ်မှတ်ထားမှာပါ။ မြန်မာငွေ ၇၈၀,၀၀၀ နဲ့ ၈၉၀,၀၀၀ လောက် အသီးသီး ကျသင့်မှာပါ။

Ref : gizmochina

[Zawgyi]







Ref : gizmochina