Zawgyi

အခုလအေစာပုိင္းမွာ Oppo ဟာ သူတုိ႔ရဲ႕ Under-display Selfie ကင္မရာကို ဆုိရွယ္မီဒီယာေတြမွာ အရိပ္အျမြက္ျပသခဲ့ပါတယ္။ ဒီနည္းပညာဟာ လက္ရွိေခတ္စားေနတဲ့ ေရွ႕မ်က္ႏွာျပင္ေပၚက ကင္မရာကို အေပါက္လုပ္ၿပီးထည့္တဲ့ Punch-hole နည္းပညာထက္ ေျခတစ္လွမ္းပိုေရွ႕ေရာက္ၿပီး အသုံးျပဳရမယ့္ Screen ေပၚမွာ ကင္မရာကို အသုံးမလိုရင္ မျမင္ရေအာင္ ေဖ်ာက္ကြယ္ထားႏုိင္မွာပါ။

ဒီနည္းပညာဟာ လက္ရွိမွာ စမတ္ဖုန္းထုတ္လုပ္သူတုိင္းရဲ႕ ေနာက္ေျခလွမ္းလို႔ ထင္ျမင္ရေလာက္ေပမယ့္ စမ္းသပ္ထုတ္လုပ္ျပသလာတဲ့သူေတာ့ သိပ္မရွိေသးပါဘူး။ Oppo ကုမၸဏီကေတာ့ လာမယ့္ ဇြန္လ ၂၆ ရက္ေန႔မွာ တရုတ္ႏုိင္ငံ ရွန္ဟုိင္းၿမိဳ႕မွာက်င္းပမယ့္ အာရွမိုဘိုင္းကမာၻ႕ကြန္ဂရက္ (AMWC) ပြဲေတာ္ႀကီးမွာ ဒီနည္းပညာပါဝင္တဲ့ Prototype ဟန္းဆက္ကို ျပသလာေတာ့မွာ ျဖစ္ပါတယ္။

Oppo ရဲ႕ ဖိတ္ၾကားလႊာဟာ တရုတ္မီဒီယာေတြဆီကို ပ်ံ႕ႏွံ႔သြားၿပီျဖစ္ၿပီး သူ႕ရဲ႕ Teaser ထဲမွာ Screen ေအာက္က ကင္မရာကို ျမင္ေတြ႕ရပါတယ္။ ဖိတ္စာမွာပါဝင္တဲ့ စာသားကေတာ့ “ပိုမ်ားတဲ့ မ်က္ႏွာျပင္” လို႔ အၾကမ္းဖ်င္းဘာသာျပန္ႏုိင္ၿပီး Camera အတြက္ေနရာေပးစရာမလုိေတာ့တဲ့ Display ဟာ မ်က္ႏွာျပင္ ဧရိယာ ပိုမ်ားလာမွာကိုပဲ တုိက္ရုိက္ျပန္လည္ ညႊန္းဆုိထားတာပါ။

အဆုိပါပြဲေတာ္ကိုေတာ့ ဇြန္လ ၂၆ ရက္ေန႔ တရုတ္စံေတာ္ခ်ိန္ေန႔လည္ ၂ နာရီမွာ Oppo ရဲ႕ ပြဲခင္းေနရာမွာပဲ ျပသသြားမွာျဖစ္ပါတယ္။ ရွန္ဟုိင္း AMWC ပြဲဟာ ႏွစ္စဥ္ႏွစ္တုိင္း စပိန္ႏုိင္ငံ ဘာစီလုိနာမွာ က်င္းပေလ့ရွိတဲ့ မုိဘုိင္းကမာၻ႕ကြန္ဂရက္ (MWC) ပြဲလို နည္းပညာျပပြဲျဖစ္ၿပီး အာရွ – ပစိဖိတ္ ေဒသမွ ထုတ္လုပ္သူေတြဟာ တကယ့္ထုတ္ကုန္ေတြမွာ ထည့္သြင္းမေရာင္းခ်ေသးတဲ့ နည္းပညာအသစ္အဆန္းေတြကို ျပသလာၾကမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

အခုလအစောပိုင်းမှာ Oppo ဟာ သူတို့ရဲ့ Under-display Selfie ကင်မရာကို ဆိုရှယ်မီဒီယာတွေမှာ အရိပ်အမြွက်ပြသခဲ့ပါတယ်။ ဒီနည်းပညာဟာ လက်ရှိခေတ်စားနေတဲ့ ရှေ့မျက်နှာပြင်ပေါ်က ကင်မရာကို အပေါက်လုပ်ပြီးထည့်တဲ့ Punch-hole နည်းပညာထက် ခြေတစ်လှမ်းပိုရှေ့ရောက်ပြီး အသုံးပြုရမယ့် Screen ပေါ်မှာ ကင်မရာကို အသုံးမလိုရင် မမြင်ရအောင် ဖျောက်ကွယ်ထားနိုင်မှာပါ။

ဒီနည်းပညာဟာ လက်ရှိမှာ စမတ်ဖုန်းထုတ်လုပ်သူတိုင်းရဲ့ နောက်ခြေလှမ်းလို့ ထင်မြင်ရလောက်ပေမယ့် စမ်းသပ်ထုတ်လုပ်ပြသလာတဲ့သူတော့ သိပ်မရှိသေးပါဘူး။ Oppo ကုမ္ပဏီကတော့ လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာကျင်းပမယ့် အာရှမိုဘိုင်းကမ္ဘာ့ကွန်ဂရက် (AMWC) ပွဲတော်ကြီးမှာ ဒီနည်းပညာပါဝင်တဲ့ Prototype ဟန်းဆက်ကို ပြသလာတော့မှာ ဖြစ်ပါတယ်။

Oppo ရဲ့ ဖိတ်ကြားလွှာဟာ တရုတ်မီဒီယာတွေဆီကို ပျံ့နှံ့သွားပြီဖြစ်ပြီး သူ့ရဲ့ Teaser ထဲမှာ Screen အောက်က ကင်မရာကို မြင်တွေ့ရပါတယ်။ ဖိတ်စာမှာပါဝင်တဲ့ စာသားကတော့ “ပိုများတဲ့ မျက်နှာပြင်” လို့ အကြမ်းဖျင်းဘာသာပြန်နိုင်ပြီး Camera အတွက်နေရာပေးစရာမလိုတော့တဲ့ Display ဟာ မျက်နှာပြင် ဧရိယာ ပိုများလာမှာကိုပဲ တိုက်ရိုက်ပြန်လည် ညွှန်းဆိုထားတာပါ။

အဆိုပါပွဲတော်ကိုတော့ ဇွန်လ ၂၆ ရက်နေ့ တရုတ်စံတော်ချိန်နေ့လည် ၂ နာရီမှာ Oppo ရဲ့ ပွဲခင်းနေရာမှာပဲ ပြသသွားမှာဖြစ်ပါတယ်။ ရှန်ဟိုင်း AMWC ပွဲဟာ နှစ်စဉ်နှစ်တိုင်း စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပလေ့ရှိတဲ့ မိုဘိုင်းကမ္ဘာ့ကွန်ဂရက် (MWC) ပွဲလို နည်းပညာပြပွဲဖြစ်ပြီး အာရှ – ပစိဖိတ် ဒေသမှ ထုတ်လုပ်သူတွေဟာ တကယ့်ထုတ်ကုန်တွေမှာ ထည့်သွင်းမရောင်းချသေးတဲ့ နည်းပညာအသစ်အဆန်းတွေကို ပြသလာကြမှာဖြစ်ပါတယ်။

Ref – GSM Arena