Xiaomi ရဲ့ Global စျေးကွက်အတွက် ဦးတည်တဲ့ နောက်ထပ် Brand အခွဲတစ်ခုဖြစ်တဲ့ Poco ဟာ အိန္ဒိယနိုင်ငံမှာ စမတ်ဖုန်းအသစ်တစ်လုံးကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။ အဆိုပါ စမတ်ဖုန်းအသစ်ကိုတော့ Poco C50 လို့ နာမည်ပေးထားပြီး ယခင်တုန်းက Xiaomi ကနေ Redmi A1+ ဆိုပြီး မိတ်ဆက်ထားတဲ့ဖုန်းကိုမှ အနည်းငယ်ပြောင်းလဲပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Specification တွေအနေနဲ့ကတော့ Poco C50 ဖုန်းဟာ 6.52″ IPS LCD Display ကိုအသုံးပြုထားပြီး Resolution အနေနဲ့ 720 x 1600 Pixels သို့မဟုတ် 720p+ ရှိမှာဖြစ်ပါတယ်။ Budget ဖုန်းတစ်လုံးဖြစ်နေတဲ့အတွက် High Refresh Rate ကို ထောက်ပံ့မှာမဟုတ်ဘဲ 60Hz ပဲရှိမှာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ MediaTek ရဲ့ Helio A22 Chipset ကို အသုံးပြုထားပါတယ်။ RAM ကိုတော့ 2GB သို့မဟုတ် 3GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပေမယ့် Storage ပိုင်းမှာတော့ 32GB ပဲပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် Storage ကိုထပ်မံတိုးချဲ့ချင်တယ်ဆိုရင် MicroSD Card ကနေတစ်ဆင့် တိုးချဲ့ရမှာပါ။

ကျန်တဲ့အပိုင်းတွေအနေနဲ့ 8MP Camera + Depth Camera ပါဝင်တဲ့ Dual Back Camera Setup ကို အသုံးပြုထားသလို အရှေ့ဘက်မှာလည်း 5MP Selfie Camera ပါဝင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့နောက်ကျောဘက်မှာလည်း Fingerprint Sensor ကိုထည့်သွင်းထားပါသေးတယ်။ Battery အနေနဲ့ကတော့ 5000mAh Battery ပါဝင်ပေမယ့် 10W Charging ကိုပဲ ထောက်ပံ့နိုင်မှာပါ။

ဒီဇိုင်းပိုင်းမှာတော့ Leather-like Texture ကိုအသုံးပြုထားတာကြောင့် ထူးခြားတဲ့အထိအတွေ့ကိုရရှိစေမယ့်အပြင် Special Coating ကြောင့် Splash-Resistant ကိုလည်းရရှိထားပါသေးတယ်။ နောက်ထပ်ထူးခြားချက်ကတော့ Google ကနေ Budget ဖုန်းတွေအတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ ပိုမိုပေါ့ပါးသွက်လက်တဲ့ Android 12 Go Edition OS ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Poco C50 ဖုန်းဟာ INR 6,499 ကနေစတင်ရောင်းချသွားမှာဖြစ်ပြီး မြန်မာငွေ ၂သိန်း ဝန်းကျင်ပဲရှိတာကြောင့် Budget ဖုန်းတွေထဲမှာ အောင်မြင်တဲ့ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena