ပြီးခဲ့တဲ့ နှစ်ကုန်မှာ POCO India က POCO F2 လာမယ်ဆိုတဲ့ သတင်းပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဖုန်းရဲ့ Specs တွေ မကြာခဏ ပေါက်ကြားထွက်လာခဲ့ပါတယ်။ မကြာခင်က အဲဒီ ဖုန်းဟာ စွမ်းရည်မြင့် ဖုန်း မဟုတ်ဘဲ စွမ်းရည်သင့် Snapdragon 732G ပဲ ထည့်ထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ POCO India ရဲ့ ဒါရိုက်တာ Anuj Sharma က Snapdragon 732G ထည့်ထားမှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။

Xiaomi Pocophone F1

အဲဒီအတွက် POCO F2 မှာ စွမ်းဆောင်ရည်မြင့် Chipset မောင်းနှင်ထားနိုင်ပါတယ်။ POCO F1 မှာတော့ Snapdragon 845 Chipset ထည့်သွင်းထားတာ ဖြစ်ပြီး ၂၀,၉၉၉ (၃ သိန်း ၈ သောင်းဝန်းကျင်)ပဲရှိတဲ့အတွက် ဈေးအရမ်းချိုပါတယ်။ Anuj က F1 ဈေးလောက်နဲ့ ရောင်းဖို့ မဖြစ်နိုင်တဲ့အတွက် ဈေး ပိုမြင့်မယ်လို့ သတင်းပေးထားပါတယ်။ သူက F2 ရဲ့ ဈေးအတိအကျကို မပြောသေးပါဘူး။

Poco F2 Pro presentation is close! The brand started publishing teasers

၂၀၂၀ ဩဂုတ်လမှာ ကြေညာခဲ့တဲ့ POCO F2 Pro ရဲ့ တန်ဖိုးအနည်းဆုံးဟာ ၅၉၉ ယူရို ရှိတဲ့အတွက် ၉ သိန်း ၆ သောင်းလောက် ကျသင့်ပါတယ်။ F2 Pro ဟာ မတ်လက ကြေညာခဲ့တဲ့ Redmi K30 Pro 5G ရဲ့ မော်ဒယ်ခွဲ ၁ လုံး ဖြစ်ပါတယ်။ F2 မှာ စွမ်းရည်မြင့် Chipset ပါလာနိုင်ပြီး ဈေးက ၂၅,၀၀၀ ကနေ ၄၀,၀၀၀ ရူပီးအတွင်း ရှိနိုင်ပါတယ်။ ၄ သိန်းခွဲနဲ့ ၇ သိန်း ၃ သောင်းအတွင်း တန်ကြေးရှိနိုင်ပါတယ်။

Anuj က POCO F1 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ၁ လုံးကိုလည်း ဖန်တီးခိုင်းထားပြီး နာမည်က POCO F2 မဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို သူက ဘာမှ မပြောသေးပါဘူး။ မကြာခင်မှာ အဲဒီဖုန်းတွေအကြောင်း ပိုမိုသိလာရတော့မှာပါ။

Ref : gizmochina