Poco F6 နဲ့ F6 Pro ကို ဒီလ ၂၃ ရက်နေ့မှာ ဒူဘိုင်းမှာ တရားဝင်ကြေညာတော့မှာပါ။ မိတ်ဆက်ပွဲကို အွန်လိုင်းမှာ တိုက်ရိုက် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ အဲဒီပွဲအတွက် Tagline ကို “HyperPower Evolved” လို့ ပေးထားပါတယ်။

Poco F6 Pro ဟာ Redmi K70 ကို အမည်ပြောင်းထားတာလို့ Xiaomi က မကြာခင်က သတင်းပေးထားခဲ့ဖူးပါတယ်။ အဲဒီအတွက် Qualcomm Snapdragon 8 Gen 2 Chipset နဲ့ 5,000mAh Battery ပါလာနိုင်ပါတယ်။

Poco F6 and F6 Pro launch event confirmed for May 23: What all to expect |  Mint

Poco F6 မှာတော့ Snapdragon 8s Gen 3 Chipset မောင်းနှင်ထားနိုင်ပြီး အဲဒီဖုန်း ၂ လုံးရဲ့ Chipset တွေက စွမ်းရည်မြင့်မားကြပါတယ်။

Poco F6 မှာ 50MP Main , 8MP Ultrawide နဲ့ 20MP ဆဲလ်ဖီး ကင်မရာတွေ တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ F6 Pro မှာ 50MP Main ကင်မရာနဲ့ 120W Charging ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena