Qualcomm ရဲ့ အရင်မျိုးဆက် စွမ်းရည်မြင့် Chip ဖြစ်တဲ့ Snapdragon 8 Gen 3 ပါတဲ့ Poco F7 Pro ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းဟာ Upper Midrange ဖြစ်ပါတယ်။
Poco F7 Pro ဟာ တကယ်တော့ Redmi K80 ဖြစ်ပြီး အနည်းငယ်သေးတဲ့ 6,000mAh Battery သုံးထားပါတယ်။ 90W Charging Speed က တူပါတယ်။
6.67” AMOLED FHD+ Display သုံးထားပြီး 120Hz Refresh Rate ပါလာပါတယ်။ Ultrasonic Under Display Fingerprint Reader ထည့်သွင်းထားပြီး Gorilla Glass 7i နဲ့ ကာကွယ်ထားပါတယ်။ 1,800 Nits Peak Brightness ထုတ်ပေးနိုင်ပါတယ်။
VisionBoost D7 Graphics Chip ထည့်ထားပြီး ဂိမ်းကစားရင် Resolution ကို မြှင့်ပေးတာ၊ Frame Rate ကို တည်ငြိမ်စေတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ YouTube နဲ့ Netflix မှာ HDR Content တွေကြည့်ရင် ပိုမိုကောင်းမွန်စေပါတယ်။
အနောက်ဘက်မှာ 50MP Main (OIS), 8MP Ultrawide ကင်မရာနဲ့ အရှေ့ဘက်မှာ 20MP ကင်မရာ တပ်ဆင်ထားပါတယ်။ Android 15 အခြေပြု Xiaomi HyperOS 2 ထည့်သွင်းထားပြီး HyperAI Suite နဲ့ Google Gemini ပါပါတယ်။ IP68 ရေစိုခံစံနှုန်း ထောက်ပံ့ထားပါတယ်။
Poco F7 Pro အတွက် အနက်၊ ငွေနဲ့ အပြာရောင်ထုတ်လုပ်ထားပါတယ်။ 12/256GB ကို ၄၉၉ ဒေါ်လာ၊ 12/512GB ကို ၅၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gsmarena