POCO Pad တက်ဘလက်ကို ဒီလ အစောပိုင်းက အိန္ဒိယမှာ Tease လုပ်ပြီးနောက် အခုတော့ ကြေညာမယ့်နေ့ကို ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။ POCO India ရဲ့ အကြီးအကဲ Himanshu Tandon က ဒီလ ၂၃ ရက်နေ့မှာ POCO Pad 5G ကို ကြေညာမယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။

POCO Pad 5G

POCO Pad မှာ 12.1” Display တပ်ဆင်ထားမှာ ဖြစ်ပြီး 120Hz Refresh Rate , 600 Nits Brightness ထောက်ပံ့ထားမှာပါ။ 2.5K Resolution ပါလာနိုင်ပြီး Dolby Vision Support ထည့်သွင်းထားမှာပါ။ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 8MP ကင်မရာ ပါလာနိုင်ပါတယ်။ တက်ဘလက်ကို သတ္တု ကိုယ်ထည်နဲ့ တည်ဆောက်ထားမှာပါ။

Possible POCO Pad 5G Variant Might Launch in India; Hints BIS Certification  | MySmartPrice

Snapdragon 7s Gen 2 Processor မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ 256GB Storage ပါလာမှာပါ။ အမိုက်ဆုံး အစိတ်အပိုင်းက Battery ဖြစ်ပြီး ကြီးမားတဲ့ 10,000mAh Battery ပါလာမှာပါ။ အားသွင်းနှုန်းက 33W ဖြစ်ပါတယ်။ Android 14 အခြေပြု HyperOS မောင်းနှင်ထားမှာ ဖြစ်ပြီး Stylus ၊ ကီးဘုတ်နဲ့ တွဲဖက် အသုံးပြုနိုင်မှာပါ။

POCO ရဲ့ တခြား ထုတ်ကုန်တွေလိုပဲ POCO Pad 5G ကို Flipkart ကနေပဲ ရောင်းချနိုင်ပါတယ်။ ဒီလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ ရောင်းချမယ်လို့ Flipkart မှာ ကြေညာထားပါတယ်။

Ref : gizmochina