Poco ဟာ စက်တင်ဘာလမှာ Poco X3 NFC (အိန္ဒိယမှာ Poco X3 လို့ ခေါ်)ကို ကြေညာခဲ့ပြီး အခုတော့ Pro မော်ဒယ်ရဲ့ သတင်းအချက်အလက်တွေ စတင် ထွက်ပေါ်လာပါတယ်။ Poco X3 Pro ကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က M2102J20SG ဖြစ်ပါတယ်။ FCC က စာရင်းအရ Poco X3 Pro မှာ MIUI 12 မောင်းနှင်ထားပြီး Dual-band WiFi နဲ့ NFC ဆက်သွယ်မှုတွေ ထည့်သွင်းထားပါတယ်။ FCC မှာ LTE Band Support ပဲ ပါလာမယ်လို့ ဖော်ပြထားတဲ့အတွက် Poco X3 Pro မှာ 5G ဆက်သွယ်မှု မပါလာနိုင်ပါဘူး။

ဒါ့အပြင် Poco X3 Pro ကို TUV , EEC နဲ့ IMDA တို့မှာ တွေ့လာရပြီ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းကို နိုင်ငံတကာဈေးကွက်မှာ ရောင်းချမှာ သေချာပါတယ်။ IMEI ကို ရှာဖွေကြည့်တဲ့အခါမှာ အဲဒီ စမတ်ဖုန်းဟာ Poco X3 Pro ဆိုတာ တွေ့ခဲ့ရပါတယ်။

လက်ရှိမှာ Poco X3 Pro ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရသေးပြီး မကြာခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ထပ်မံထွက်ပေါ်လာမယ်လို့ ထင်ရပါတယ်။

Poco X3 NFC ကို အိန္ဒိယမှာ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ကြေညာခဲ့ပြီး နောက် ၁ ရက်မှာ AliExpress ကနေ Flash Sale အနေနဲ့ ရောင်းပေးခဲ့ပါတယ်။ Poco က ၃ ရက်အတွင်းမှာ X3 NFC အလုံးရေ ၁ သိန်းကျော် ရောင်းချနိုင်ခဲ့ပြီလို့ အဲဒီအချိန်တုန်းက ဂုဏ်ယူစွာ ကြေညာခဲ့ပါတယ်။

Ref : gsmarena