Samsung ရဲ့ Next Generation Flagship ဖုန်းတွေဖြစ်လာမယ့် Galaxy S24 Series ဖုန်းတွေဟာ အခုဆို မိတ်ဆက်ဖို့ အချိန်တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ပါတယ်။ လက်ရှိသိထားရသလောက်ဆိုရင် Samsung ဟာ Galaxy Unpacked Event ကို လာမယ့် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဥ်ထားတာကြောင့် အချိန်အားဖြင့် ၃ ပါတ်ဝန်းကျင်ပဲ လိုတော့ပါတယ်။
အရှေ့ပိုင်းမှာလည်း Samsung Galaxy S24 Series ဖုန်းတွေရဲ့ Specs တွေ၊ Render ဓါတ်ပုံတွေ ပေါက်ကြားခဲ့သလို အခုလည်း Galaxy S24 Series ဖုန်းတွေရဲ့ စျေးနှုန်းနဲ့ Storage အကြောင်းပါ အသေးစိတ် ထပ်မံထွက်ပေါ်လာပါပြီ။
အခုထွက်ပေါ်လာတဲ့စျေးနှုန်းတွေက ဥရောပစျေးကွက်မှာ ရောင်းချမယ့် Galaxy S24 Series ရဲ့ စျေးနှုန်းတွေဖြစ်ပြီး Galaxy S24 ဖုန်းဟာ Storage 128GB Version ကို စျေးနှုန်းအနေနဲ့ €899 ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး အမြင့်ဆုံး Galaxy S24 Ultra 512GB Version ကို €1,569 အထိ ကျသင့်မှာဖြစ်ပါတယ်။
Galaxy S24 Ultra ဟာ 1TB Version လည်း မိတ်ဆက်ဖို့ရှိနေပေမယ့် စျေးနှုန်းကိုတော့ အတိအကျမသိရသေးပါဘူး။ ကျန်တဲ့ စျေးနှုန်းတွေကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
ဒီစျေးနှုန်းတွေဟာ မှန်ကန်တယ်ဆိုရင် Samsung ဟာ မနှစ်က Galaxy S23 ရဲ့ စျေးနှုန်းဖြစ်တဲ့ အနိမ့်ဆုံး €949 ကနေ လျော့ပြီး ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါကလည်း အဓိကအနေနဲ့ လက်ရှိ iPhone 15 Series ဖုန်းတွေဟာ €945 ဝန်းကျင်ကနေ စတင်ရောင်းချနေတဲ့အတွက် Apple ကို စျေးနှုန်းပိုင်းမှာ ယှဥ်ပြိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ဘာပဲဖြစ်ဖြစ် Samsung ဟာ ယခုနှစ်မှာ Galaxy S24 Ultra ဖုန်းမှာ iPhone 15 Pro ဖုန်းတွေလိုပဲ Titanium ကိုယ်ထည်ကို စတင်အသုံးပြုလာမှာဖြစ်ပြီး S24+ နဲ့ S24 Ultra မှာ Snapdragon 8 Gen 3 Chipset နဲ့ S24 မှာတော့ Exynos 2400 Chipset ကို အသုံးပြုထားမယ်ဆိုပြီး သတင်းထွက်ထားပါတယ်။
Ref – Gizmo China