Zawgyi

Qualcomm အေနနဲ႔ Gaming ဖုန္းေတြအတြက္ ရည္႐ြယ္ၿပီး ထုတ္လုပ္ထားတဲ့ Snapdragon 675 SoC (11nm) ကို မၾကာေသးခင္က တရားဝင္ မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ Mid-range အမ်ိဴးအစားျဖစ္တဲ့ Snapdragon 675 SoC ကို မိတ္ဆက္ၿပီး သိပ္မၾကာခင္မွာပဲ ေနာက္ထပ္ Mid-range အမ်ိဴးအစားျဖစ္တဲ့ SoC ေတြရဲ႕ အခ်က္အလက္ေတြဟာလည္း အြန္လိုင္းေပၚမွာ ေပါက္ၾကားကုန္ပါၿပီ။

အဆိုပါ SoC ေတြကိုေတာ့ SM6150 နဲ႔ SM7150 ဆိုၿပီး Qualcomm က ကင္ပြန္းတပ္ထားပါတယ္။ Winfuture.de ရဲ႕ အဆိုမ်ားအရ SM6150 နဲ႔ SM7150 တို႔ရဲ႕ အခ်က္အလက္ေတြကို Github ကေန တစ္ဆင့္ စတင္ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ Chipset ၂မ်ိဴးစလုံးဟာ Octa-core Processors မ်ားျဖစ္ၾကၿပီး GPU, CPU နဲ႔ Clock Speeds ေတြမွာေတာ့ မၾကာေသးခင္က မိတ္ဆက္ထားတဲ့ Snapdragon 675 SoC နဲ႔ အနည္းငယ္ ကြာျခားႏိုင္ပါတယ္။

Github Repositories မွာပါဝင္တဲ့ အခ်က္အလက္ေတြအရဆိုရင္ SM7150 Chipset အသုံးျပဳ စမတ္ဖုန္းတစ္လုံးရဲ႕ ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 12MP+13MP Camera ေတြကို တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 20MP Camera ကို တပ္ဆင္ထားပါတယ္။ ဒါ့အျပင္ Display အပိုင္းမွာလည္း FHD+ သာမက QHD+ အရည္အေသြးထိပါ ေထာက္ပံ့ႏိုင္ေၾကာင္းကို Winfuture.de ရဲ႕ အဆိုမ်ား အရသိရပါတယ္။

SM6150 Chipset အသုံးျပဳ စမတ္ဖုန္းမွာလည္း ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ 12MP+13MP Camera ေတြကို တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 13MP Camera ကိုပဲ တပ္ဆင္ထားပါတယ္။ Display အပိုင္းအတြက္ ၅.၉၉လက္မ အ႐ြယ္အစားရွိ FHD+ Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 2160 x 1080 pixels ရွိပါတယ္။

SM7150 နဲ႔ SM6150 တို႔ဟာ Snapdragon 675 လိုမ်ိဴး 11nm Architecture နဲ႔ တည္ေဆာက္ထားတဲ့ SoC ေတြ ျဖစ္ႏိုင္ပါတယ္။ Snapdragon 675 တုန္းက Samsung က Qualcomm အတြက္ တာဝန္ယူ ထုတ္လုပ္ေပးခဲ့တာေၾကာင့္ အခု SM6150 နဲ႔ SM7150 ကိုလည္း Samsung ကပဲ တာဝန္ယူ ထုတ္လုပ္သြားႏိုင္ေၾကာင္း ကြၽမ္းက်င္ပညာရွင္မ်ားက ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref: Gizmochina

Unicode

QHD+ Display တွေကို Mid-range ဖုန်းတွေမှာ မြင်တွေ့ရတော့မှာလား ???

Qualcomm အနေနဲ့ Gaming ဖုန်းတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Snapdragon 675 SoC (11nm) ကို မကြာသေးခင်က တရားဝင် မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ Mid-range အမျိူးအစားဖြစ်တဲ့ Snapdragon 675 SoC ကို မိတ်ဆက်ပြီး သိပ်မကြာခင်မှာပဲ နောက်ထပ် Mid-range အမျိူးအစားဖြစ်တဲ့ SoC တွေရဲ့ အချက်အလက်တွေဟာလည်း အွန်လိုင်းပေါ်မှာ ပေါက်ကြားကုန်ပါပြီ။

အဆိုပါ SoC တွေကိုတော့ SM6150 နဲ့ SM7150 ဆိုပြီး Qualcomm က ကင်ပွန်းတပ်ထားပါတယ်။ Winfuture.de ရဲ့ အဆိုများအရ SM6150 နဲ့ SM7150 တို့ရဲ့ အချက်အလက်တွေကို Github ကနေ တစ်ဆင့် စတင်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ Chipset ၂မျိူးစလုံးဟာ Octa-core Processors များဖြစ်ကြပြီး GPU, CPU နဲ့ Clock Speeds တွေမှာတော့ မကြာသေးခင်က မိတ်ဆက်ထားတဲ့ Snapdragon 675 SoC နဲ့ အနည်းငယ် ကွာခြားနိုင်ပါတယ်။

Github Repositories မှာပါဝင်တဲ့ အချက်အလက်တွေအရဆိုရင် SM7150 Chipset အသုံးပြု စမတ်ဖုန်းတစ်လုံးရဲ့ နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 12MP+13MP Camera တွေကို တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 20MP Camera ကို တပ်ဆင်ထားပါတယ်။ ဒါ့အပြင် Display အပိုင်းမှာလည်း FHD+ သာမက QHD+ အရည်အသွေးထိပါ ထောက်ပံ့နိုင်ကြောင်းကို Winfuture.de ရဲ့ အဆိုများ အရသိရပါတယ်။

SM6150 Chipset အသုံးပြု စမတ်ဖုန်းမှာလည်း နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 12MP+13MP Camera တွေကို တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 13MP Camera ကိုပဲ တပ်ဆင်ထားပါတယ်။ Display အပိုင်းအတွက် ၅.၉၉လက်မ အရွယ်အစားရှိ FHD+ Display ကို အသုံးပြုထားပြီး Resolution ကတော့ 2160 x 1080 pixels ရှိပါတယ်။

SM7150 နဲ့ SM6150 တို့ဟာ Snapdragon 675 လိုမျိူး 11nm Architecture နဲ့ တည်ဆောက်ထားတဲ့ SoC တွေ ဖြစ်နိုင်ပါတယ်။ Snapdragon 675 တုန်းက Samsung က Qualcomm အတွက် တာဝန်ယူ ထုတ်လုပ်ပေးခဲ့တာကြောင့် အခု SM6150 နဲ့ SM7150 ကိုလည်း Samsung ကပဲ တာဝန်ယူ ထုတ်လုပ်သွားနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref: Gizmochina