Level-5 ဟာ အနောက်နိုင်ငံတွေမှာ လုပ်ငန်းတွေ လျှော့ချနေပေမယ့် ဂိမ်း အသစ်တွေကို ဆက်လက်ဖြန့်ချိနေပါသေးတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မိုဘိုင်းအတွက် Fantasy Life Online ကို ဂျပန်မှာ ဖြန့်ချိပြီးနောက် အခုတော့ ကိုရီးယား Developer Netmarble ရဲ့ အကူအညီနဲ့ ပီစီ၊ စမတ်ဖုန်းတွေအတွက် အခမဲ့ ကစားနိုင်တဲ့ Ni no Kuni : Cross Worlds ဂိမ်း အသစ်ကို ဖြန့်ချိလိုက်ပါတယ်။

Trailer မှာတော့ ဂိမ်းဟာ ကောင်းမွန်ပြောင်မြောက်ပြီး ထူးခြားမှုတွေ ပါလာတယ်လို့ ထင်ရပါတယ်။

Kotaku က ဂိမ်းမှာ Crypto နည်းပညာတွေ ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ Kotaku က “ Cryptocurrency တွေ ထည့်သွင်းထားတဲ့ ဂိမ်း ဖြစ်ပါတယ်။ Netmarble မှာ Marblex လို့ ခေါ်တဲ့ကိုယ်ပိုင် Cryptocurrency Wallet ရှိပြီး ကစားသူတွေဟာ In-game Items တွေကို ရယူကာ Netmarble ရဲ့ Asterite သို့မဟုတ် Territe Tokens ( Marblex မှာ လဲလှယ်နိုင်တဲ့ ငွေကြေးတွေ ဖြစ်ပါတယ်။ ) တွေနဲ့ လဲလှယ်နိုင်ပါတယ်။ အဲဒီနောက်မှာ တခြား Cryptocurrency တွေနဲ့ အရောင်းအဝယ် ပြုလုပ်နိုင်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

လဲလှယ်နိုင်တဲ့ ဖြစ်စဉ်ကို ဂိမ်း ဝက်ဘ်ဆိုက်ကနေ ရယူထားတဲ့ အောက်ပါပုံမှာ ကြည့်နိုင်ပါတယ်။

Ni No Kuni Cross Worlds

ဝက်ဘ်ဆိုက်မှာ Blockchain စနစ် ထည့်သွင်းထားပြီး ၂၀၂၂ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်း NFT တွေ ထည့်သွင်းသွားမယ်လို့ ဖော်ပြထားပါတယ်။

Ref : nintendolife