Razer က PlayStation , Xbox ဂိမ်းစက်တွေနဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ Razer Hammerhead Hyperspeed နားကြပ်ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ TWS နားကြပ်မှာ Active Noise Cancelation (ANC) နဲ့ RGB Magic Lighting ပါပါတယ်။

Razer Hammerhead Hyperspeed headphones

Razer Hammerhead Hyperspeed နားကြပ်မှာ Razer Chroma RGB Magic Lighting Effect ကို ထောက်ပံ့ထားပြီး Gamer တွေဟာ တစ်မူထူးခြားတဲ့ စတိုင်ကို ဖန်တီးနိုင်ပါတယ်။ နားကြပ်အတွက် အဖြူနဲ့ အနက်ရောင် ထုတ်လုပ်ထားပြီး Hyperspeed ကြိုးမဲ့ နည်းပညာ ထည့်သွင်းထားပါတယ်။ အဲဒီနည်းပညာရဲ့ .4GHz ကြိုးမဲ့ ဆက်သွယ်မှုက Latency နည်းပါးတဲ့ အသံကို ပံ့ပိုးပေးပါတယ်။ အသံနဲ့ ဗီဒီယို ၂ ခုစလုံးအတွက် Input-output Synchronization ပါလာပြီး နားကြပ်ဟာ Bluetooth 5.2 ကို ထောက်ပံ့ပါတယ်။

Razer Hammerhead Hyperspeed headphones

နားကြပ်မှာ Bluetooth နဲ့ ကြိုးမဲ့ ဆက်သွယ်မှုတွေကို ပံ့ပိုးပေးထားပြီး PC ၊ စမတ်ဖုန်းနဲ့ တခြား Device တွေကို Bluetooth 5.2 သို့မဟုတ် 2.4GHz ဆက်သွယ်မှုနဲ့ ချိတ်ဆက်နိုင်ပါတယ်။ အနှောင့်အယှက်ကင်းစွာ ဂိမ်း ကစားနိုင်ဖို့အတွက် Dual Ambient Noise Reduction မိုက်ကရိုဖုန်းတွေ တပ်ဆင်ထားပါတယ်။ Noise Reduction ဖွင့်ထားရင်တောင် ဘက်ထရီ သက်တမ်းက ၃၂ နာရီခံပါတယ်။

Razer Hammerhead Hyperspeed နားကြပ်ကို တရုတ်မှာ ၁၅၃ ဒေါ်လာနဲ့ JD.com လို နာမည်ကြီး စတိုးတွေကနေ  ကြိုတင်မှာယူနိုင်ပါပြီ။ နိုင်ငံတကာမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina