realme 11 Pro နဲ့ 11 Pro+ ကို အိန္ဒိယမှာ ဇွန်လလယ်က ရောင်းချပေးခဲ့ပြီး ၃ လအတွင်း ရောင်းအားကောင်းနေပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီဖုန်း ၂ လုံးကို အလုံးရေ ၁ သန်း ရောင်းချထားနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။

ဒါဟာ ရောင်းအား တော်တော် ကောင်းတယ်လို့ ပြောရမှာပါ။ အိန္ဒိယက လူတွေက အဲဒီ ဖုန်းတွေဟာ ပေးရတဲ့ ဈေးထက် ပိုတန်တယ်လို့ သတ်မှတ်ထားကြပါတယ်။

realme 11 Pro မှာ 6.7” 120Hz 1080×2412 AMOLED မျက်နှာပြင်၊ MediaTek Dimensity 7050 SoC ၊ 8/128GB, 8/256GB,  12/256GB ၊ 100MP Main ကင်မရာ၊ 2MP Depth ကင်မရာ၊ 16MP ဆဲလ်ဖီး ကင်မရာနဲ့ 67W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။

Realme 11 Pro and Realme 11 Pro+ begin international rollout, starting with  India - GSMArena.com news

realme 11 Pro+ မှာ 200MP Main ကင်မရာ၊ 8MP Ultrawide ၊ 2MP Macro ကင်မရာ၊ 32MP ဆဲလ်ဖီး ကင်မရာ၊ 100W Wired Charging တွေ ပါလာပြီး ကျန်တဲ့ Specs တွေက realme 11 Pro နဲ့ တူညီပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Android  13 အခြေပြု realme UI 4.0 မောင်းနှင်ထားပါတယ်။

Ref : gsmarena