realme 12 နဲ့ 12+ စမတ်ဖုန်းတွေကို Bureau of Indian Standards (BIS) မှာ မှတ်ပုံတင်ထားပြီ ဖြစ်တဲ့အတွက် အိန္ဒိယမှာ ကြေညာဖို့ နီးနေပါပြီ။ realme 12 Pro Series ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ ကြေညာထားပြီး Pro မဟုတ်တဲ့ မော်ဒယ်တွေကို အဲဒီနောက် မကြာခင် ကြေညာနိုင်ပါတယ်။
realme 12+ ကို အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) မှာလည်း မှတ်ပုံတင်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ လုပ်ဆောင်ချက်နဲ့ ဒီဇိုင်းကို သိလာရပါတယ်။ FCC က ဓါတ်ပုံအရ realme 12+ ဟာ realme 12 Pro နဲ့ အများကြီး တူညီပြီး အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ Island ထည့်သွင်းထားပါတယ်။ ကင်မရာ ၃ လုံးထဲမှာ Periscope Telephoto Lens ပါလာနိုင်ပါတယ်။
အဲဒီဖုန်းမှာ 5,000mAh Li-on Polymer Battery တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ( 4,880mAh Battery ဖြစ်နိုင်ပါတယ်။ ) Androiid 14 အခြေပြု realme UI 5.0 မောင်းနှင်ထားနိုင်ပါတယ်။
BIS နဲ့ FCC အပြင် realme 12+ ကို MIIT, TDRA, NBTC, SIRIM နဲ့ SDPPI အပါအဝင် တခြား နိုင်ငံက အာဏာပိုင်တွေထံမှာ မှတ်ပုံတင်ထားပါတယ်။
realme 12 Pro နဲ့ 12 Pro+ ကိုတော့ ကြေညာပြီးသွားပြီးဖြစ်တဲ့အပြင် အခုက Specs တွေ ပေါက်ကြားလာကာ BIS ကို ရောက်လာတဲ့အတွက် Pro မဟုတ်တဲ့ ဗားရှင်းတွေကို သိပ်မကြာခင်မှာ မိတ်ဆက်နိုင်ပါတယ်။
Ref : gizmochina