realme 13 5G ကို ကြေညာလိုက်ပြီး MediaTek Dimensity 6300 SoC မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 256GB Internal Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ Chipset ဟာ realme 13 5G နဲ့ 4G အကြားမှာ ကြီးမားတဲ့ ကွဲပြားချက် ဖြစ်ပါတယ်။ 4G မော်ဒယ်မှာ Snapdragon 685 ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Realme 13 5G debuts with Dimensity 6300 SoC and familiar design

realme 13 5G မှာ 6.67” OLED Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အဓိက Android Update ၂ ခုနဲ့ Security Patches ၃ နှစ် ရရှိမှာ ဖြစ်ပါတယ်။

Realme 13 5G

အဲဒီဖုန်းမှာ 4G မော်ဒယ်နဲ့ တူညီတဲ့ ကိုယ်ထည် အသုံးပြုထားပြီး IP64 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။ အပူချိန်ကို လျှော့ချပေးတဲ့ Stainless Steel Vapor Chamber ပါပါတယ်။ 45W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။

realme 13 5G ရဲ့ 8/128GB ကို ၂၁၅ ဒေါ်လာနဲ့ 8/256GB ကို ၂၄၀ ဒေါ်လာ သတ်မှတ်ထားပြီး စက်တင်ဘာလ ၆ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena