[Zawgyi]
Realme အေနနဲ႔ အိႏၵိယႏိုင္ငံမွာ 5G Network အဆင္သင့္ျဖစ္တဲ့အခါ 5G စမတ္ဖုန္းကို မိတ္ဆက္သြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ဖူးပါတယ္။ ဒါေပမယ့္ အဲ့ဒီအခ်ိန္တုန္းက အဆိုပါ 5G စမတ္ဖုန္းကို ဒီႏွစ္ ၂၀၁၉ခုႏွစ္ထဲ မိတ္ဆက္မွာလား ဒါမွမဟုတ္ ေနာက္ႏွစ္ ၂၀၂၀ခုႏွစ္မွ မိတ္ဆက္မွာလားဆိုတာကို အတိအက် ေျပာျပမသြားပါဘူး။
#5GisReal …. Straight out of meeting room with Mr. Sky Li. Glad to share you our latest R&D updates: #realme will be among the first brands to bring 5G products globally this year. And we are determined to bring the best of technology to India as early as possible. pic.twitter.com/cVNOA6f9Iw
— Madhav 5G (@MadhavSheth1) June 6, 2019
ယခုအခါမွာေတာ့ Realme ရဲ႕ CEO ျဖစ္သူ Madhav Sheth က သူတို႔အေနနဲ႔ 5G စမတ္ဖုန္းကို ဒီႏွစ္ထဲမွာ မိတ္ဆက္သြားမွာျဖစ္ေၾကာင္း တြစ္တာမွာ ထုတ္ေဖာ္ေျပာၾကားလာပါၿပီ။ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္ေတြရဲ႕ အဆိုအရ Realme X ကို 5G ဗားရွင္းအျဖစ္ ေျပာင္းလဲၿပီး Realme X Pro နာမည္နဲ႔ မိတ္ဆက္လာႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အဆိုပါ 5G စမတ္ဖုန္းမွာ Realme X ထက္ ပိုအဆင့္ျမင့္တဲ့ Triple Camera Setup, Battery နဲ႔ Snapdragon 855 ေတြကို အသုံးျပဳထားႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါေသးတယ္။
ၿပီးခဲ့တဲ့ လတုန္းက မိတ္ဆက္သြားတဲ့ Realme X ဟာ ကုမၸဏီရဲ႕ ေနာက္ဆုံးထုတ္ စမတ္ဖုန္းျဖစ္ၿပီး Processor အပိုင္းအတြက္ Snapdragon 710 SoC ကို အသုံးျပဳထားပါတယ္။ AMOLED Display , In-display Fingerprint Sensor, 48MP+5MP Dual Camera Setup, Pop-up Selfie Camera နဲ႔ 20W အျမန္အားသြင္းစနစ္ေတြပါဝင္ၿပီး၊ Base ေမာ္ဒယ္ျဖစ္တဲ့ RAM 4GB + Storage 64GB ရဲ႕ ေစ်းႏႈန္းက တ႐ုတ္ေငြ ၁၅၀၀ ယြမ္ ( ျမန္မာေငြ ၃၃၀,၀၀၀ က်ပ္ ဝန္းက်င္) က်သင့္ပါတယ္။
Ref : GsmArena
[Unicode]
5G စမတ်ဖုန်းကို မိတ်ဆက်တော့မယ့် Realme
Realme အနေနဲ့ အိန္ဒိယနိုင်ငံမှာ 5G Network အဆင်သင့်ဖြစ်တဲ့အခါ 5G စမတ်ဖုန်းကို မိတ်ဆက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက အဆိုပါ 5G စမတ်ဖုန်းကို ဒီနှစ် ၂၀၁၉ခုနှစ်ထဲ မိတ်ဆက်မှာလား ဒါမှမဟုတ် နောက်နှစ် ၂၀၂၀ခုနှစ်မှ မိတ်ဆက်မှာလားဆိုတာကို အတိအကျ ပြောပြမသွားပါဘူး။
#5GisReal …. Straight out of meeting room with Mr. Sky Li. Glad to share you our latest R&D updates: #realme will be among the first brands to bring 5G products globally this year. And we are determined to bring the best of technology to India as early as possible. pic.twitter.com/cVNOA6f9Iw
— Madhav 5G (@MadhavSheth1) June 6, 2019
ယခုအခါမှာတော့ Realme ရဲ့ CEO ဖြစ်သူ Madhav Sheth က သူတို့အနေနဲ့ 5G စမတ်ဖုန်းကို ဒီနှစ်ထဲမှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း တွစ်တာမှာ ထုတ်ဖော်ပြောကြားလာပါပြီ။ တချိူ့သော ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ Realme X ကို 5G ဗားရှင်းအဖြစ် ပြောင်းလဲပြီး Realme X Pro နာမည်နဲ့ မိတ်ဆက်လာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ 5G စမတ်ဖုန်းမှာ Realme X ထက် ပိုအဆင့်မြင့်တဲ့ Triple Camera Setup, Battery နဲ့ Snapdragon 855 တွေကို အသုံးပြုထားနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါသေးတယ်။
ပြီးခဲ့တဲ့ လတုန်းက မိတ်ဆက်သွားတဲ့ Realme X ဟာ ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်းဖြစ်ပြီး Processor အပိုင်းအတွက် Snapdragon 710 SoC ကို အသုံးပြုထားပါတယ်။ AMOLED Display , In-display Fingerprint Sensor, 48MP+5MP Dual Camera Setup, Pop-up Selfie Camera နဲ့ 20W အမြန်အားသွင်းစနစ်တွေပါဝင်ပြီး၊ Base မော်ဒယ်ဖြစ်တဲ့ RAM 4GB + Storage 64GB ရဲ့ စျေးနှုန်းက တရုတ်ငွေ ၁၅၀၀ ယွမ် ( မြန်မာငွေ ၃၃၀,၀၀၀ ကျပ် ဝန်းကျင်) ကျသင့်ပါတယ်။
Ref : GsmArena