33W အားသွင်းချန်ပီယံအတွက်ဖန်တီးထားသည့် Social Campaign တွင်လည်းပါဝင်ကာ ဆုငွေ (၁) သိန်း ကံထူးခွင့်ကိုရယူနိုင်

realme က ၂၀၂၃ ခုနှစ်အတွက် နောက်ဆုံးချန်ပီယံထုတ်ကုန်အဖြစ် realme C51 ကိုမိတ်ဆက်ပေးခဲ့ပြီဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ realme အရောင်းကောင်တာရှိသည့် ဖုန်းဆိုင်များတွင် စတင်ဝယ်ယူနိုင်ပြီဖြစ်သည်။

realme C51 အတွက် Version ၂မျိုးရောင်းချပေးသွားမည်ဖြစ်ပြီး RAM 4GB + ROM 128GB အတွက် ၄၈၉,၉၀၀ ကျပ်နှင့် RAM 4GB + ROM 64GB အတွက် ၄၃၉,၉၀၀ ကျပ် ကျသင့်မည်ဖြစ်သည်။

DRE စနစ်ပါဝင်ခြင်းကြောင့် မူလ 4GB RAM ကို ၂ဆတိုးကာ RAM 8GB အထိတိုးမြှင့်အသုံးပြုနိုင်စေဦးမည်ဖြစ်သည်။ အရောင်အားဖြင့် Mint Green နှင့် Carbon Black ၂ရောင်ကို ရွေးချယ်နိုင်မည်ဖြစ်သည်။

realme C51 မှာ သူ့စျေးတန်းတွင် အမြန်ဆုံးအားသွင်းစနစ်ဖြစ်သည့် 33W SUPERVOOC စနစ်ကိုထည့်သွင်းပေးထားသည့်အတွက် အားဝင်နှုန်းမြန်ဆန်စေမည်ဖြစ်သည်။ အား ၅၀ ရာခိုင်နှုန်းပြည့်ရန်အတွက် အချိန် ၂၈ မိနစ်သာကြာမြင့်စေမည်ဖြစ်သည့်အတွက် အားသွင်းချိန်ကိုပါများ စွာသက်သာသွားစေဦးမည်ဖြစ်သည်။

အဆင့်မြှင့်တင်မှုများစွာပြုလုပ်ပေးထားသည့် realme C51 တွင် ကင်မရာပိုင်းကိုကြည့်ပါက ယခင် 13MP ထက်ပိုမိုကောင်းမွန်သည့် 50MP ပင်မကင်မရာကိုတပ်ဆင်အသုံးပြုပေးထားခြင်းကြောင့် ပိုမို ကြည့်လင်ပြတ်သားသည့်ပုံများကိုရိုက်ယူနိုင်မည်ဖြစ်သည်။

ရှေ့ဘက် Selfie ကင်မရာအတွက် 5MP ကိုသုံးပေးထားသည်။ ကြီးမားကျယ်ဝန်သည့် 6.74-inch LCD အမျိုးအစား 720p မျက်နှာပြင်တွင် ထိတွေ့အသုံးပြုမှုအပိုင်း ပိုမိုကောင်းမွန်သည့် 90Hz Refresh Rate ကိုထောက်ပံ့ပေးထားခြင်းဖြစ်သည်။

Multimedia ပိုင်းအတွက် စိတ်တိုင်ကျအသုံးပြုနိုင်မည်ဖြစ်သလို အားသွင်းမြန်ဆန်သည့် 33W စနစ်နှင့်အတူ ကြီးမားသည့် 5000mAh ဘက်ထရီကိုပါတပ်ဆင်ပေးထားခြင်းကြောင့် ပုံမှန်အသုံးပြုမှု မျိုးအတွက် တစ်နေ့တာအထိ ကြာရှည်ခံစေမည်ဖြစ်သည်။

Android 13 တွင် အခြေခံထားသည့် realme UI T Edition ကိုအသုံးပြုပေးထားပြီး Octa-core စနစ်သုံး Unisoc T612 chipset ကလည်း ကောင်းမွန်သည့်စွမ်းဆောင်ရည်ကို ပေးစွမ်းစေမည်ဖြစ်ကာ MLBB ဂိမ်းများကို Default setting မျိုးဖြင့် ဆော့ကစားနိုင်စေမည်ဖြစ်သည်။

realme C Series ထုတ်ကုန်များတွင် တန်ဖိုးအသင့်ဆုံးနှင့် စျေးတန်းအရအမြန်ဆုံး 33W အားသွင်းစနစ်ထည့်သွင်းပေးထားသည့် realme C51 အတွက် Social Campaign တစ်ခုကိုပါ realme Myanmar (Facebook Page) တွင် ဖန်တီးပေးထားပြီး အားသွင်းမြန်ဆန်ခြင်းကြောင့် အနည်းဆုံးအချိန်ပိုထွက်လာမည့် မိနစ်၃၀အတွင်း မိမိလုပ်လို့သည့် activity အကြောင်းကို သက်ဆိုင်ရာ Campaign Post အောက်တွင် comment မန့်ပေးပြီး ကံထူးရှင်အဖြစ် ဆုငွေ (၁) သိန်းကို ရယူနိုင်မည်ဖြစ်သည်။

ကံထူးရှင်စုစုပေါင်း ၄ဦးအထိရွေးချယ်ပေးသွားမည်ဖြစ်ကာ အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ Campaign Post တွင် သွားရောက်လေ့လာနိုင်မည်ဖြစ်သည်။

Media release: realme