realme C63 ကို မေလက ကြေညာခဲ့ပြီး အခုတော့ အိန္ဒိယမှာ C63 5G ကို မိတ်ဆက်လိုက်ပါတယ်။ မော်ဒယ်အသစ်မှာ Dimensity 6300 Chipset အပါအဝင် တိုးတက်မှု အနည်းငယ် ပါလာပေမယ့် ကင်မရာနဲ့ အားသွင်းနှုန်းမှာ နိမ့်ကျသွားပါတယ်။

Realme C63 5G With MediaTek Dimensity 6300 5G, 5,000mAh Battery Launched in  India: Price, Specifications | Technology News

realme C63 5G မှာ 6.67” IPS LCD HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 32MP Main နဲ့ အမည်မဖော်ပြထားတဲ့ အပို ကင်မရာ ၁ လုံး ပါပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။

Realme C63 5G key specs

5,000mAh Battery တပ်ဆင်ထားပြီး 10W Charging ပဲ ထောက်ပံ့ထားပါတယ်။ မူလ C63 မှာတော့ 45W ပါလာတာပါ။ Android 14 အခြေပြု realme UI 5.0 မောင်းနှင်ထားပါတယ်။

realme C63 5G အတွက် Starry Gold နဲ့ Forest Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 4/128GB ကို ၁၃၀ ဒေါ်လာနဲ့ 8/128GB ကို ၁၅၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ ဒီလ ၂၀ ရက်နေ့ စတင် ရောင်းချမှာပါ။

Ref : gsmarena