realme က 300W Wired Charging နည်းပညာကို Tease လုပ်နေတာ ကြာပါပြီ။ အခုတော့ Speed အသေးစိတ်ကို သိလာရပါပြီ။ အဲဒါက 320W ဖြစ်ပါတယ်။ realme ဟာ တရုတ်မှ ရှန်ဇန်မှာ ဩဂုတ်လ ၁၄ ရက်နေ့  ကျင်းပမယ့် ကုမ္ပဏီရဲ့ 828 Fan Festival မှာ 320W SuperSonic Charging နည်းပညာကို ကြေညာတော့မှာ ဖြစ်ပါတယ်။

realme ဟာ အမည် မဖော်ပြထားတဲ့ realme ဖုန်း ၁ လုံးကို 320W SuperSonic နဲ့ အားသွင်းနေတဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။ realme ဟာ အဲဒီ အားသွင်းနည်းပညာကို အရင်ကလည်း ပြသခဲ့ဖူးပြီး ၃၅ စက္ကန့်အတွင်း ၀ ကနေ ၁၇ ရာခိုင်နှုန်း အားသွင်းနိုင်ပါတယ်။

Realme teases 320W SuperSonic charge ahead of August 14 unveiling

realme ရဲ့ 300W Charging နည်းပညာကို ယှဉ်ပြိုင်နိုင်တဲ့ ၁ ခုထဲသော ပြိုင်ဖက်က Redmi ရဲ့ 300W Charging ဖြစ်ပါတယ်။ Redmi ဟာ အဲဒီ အားသွင်းနည်းပညာကို အဆင့်မြှင့်ထားတဲ့ Redmi Note 12 Discovery Edition မှာ စမ်းသပ်ပြသခဲ့ဖူးပါတယ်။ အဲဒီဖုန်းမှာ 4,100mAh Battery ထည့်သွင်းထားပြီး ၄ မိနစ် ၅၄ စက္ကန့်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

ကုမ္ပဏီတွေက ဖုန်း အားသွင်း နည်းပညာကို အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ realme ရဲ့ 320W SuperSonic Charging ဟာ ဘယ်လောက် အစွမ်းထက်သလဲဆိုတာ မကြာခင် သိရတော့မှာပါ။

Ref : gsmarena