စမတ်ဖုန်း ကုမ္ပဏီတွေက အားအမြန်သွင်းတဲ့ နည်းပညာကို အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ အခုတော့ တရုတ်က ထွက်လာတဲ့ သတင်းအရ realme ဟာ စမတ်ဖုန်းတွေအတွက် 300W Wired Charging နည်းပညာကို မကြာခင် ကြေညာတော့မှာပါ။

Realme GT 7 Pro Launch Event To Also Reveal New 300W Fast-Charging

realme ဟာ 300W Charging ကို ပထမဆုံး မိတ်ဆက်တဲ့ တရုတ် ကုမ္ပဏီ မဟုတ်ပါဘူး။ တကယ်တော့ Redmi ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတုန်းက 300W Charging နည်းပညာကို မိတ်ဆက်ခဲ့ပါတယ်။

Realme to unveil 300W wired charging technology soon - GSMArena.com news

Redmi ရဲ့ 300W Charging နည်းပညာဟာ 4,100mAh Battery ကို ၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ Redmi က ၁ နှစ်ကျော်ကြာပြီးတဲ့နောက်မှာ 300W Charging ပါတဲ့ စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချနိုင်ခြင်း မရှိသေးပါဘူး။

realme ကလည်း 300W Charging ကို မကြာခင် ပြသမှာ မှန်ပေမယ့် အဲဒီ နည်းပညာပါတဲ့ စမတ်ဖုန်းကို မကြာခင် ထုတ်လုပ်ရောင်းချမယ်လို့ မထင်ပါဘူး။ realme ဟာ 240W Wired Charging ပါတဲ့ GT5 နဲ့ GT Neo 5 ဖုန်းတွေကို ထုတ်လုပ်ရောင်းချထားပါတယ်။ အခုတော့ 300W Charging ပါတဲ့ ဖုန်းတွေကို မိတ်ဆက်ဖို့ ကြိုးစားနေပါတယ်။

Ref : gsmarena