ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းကုမ္ပဏီဖြစ်သည့် realme အနေဖြင့် လာမည့်သြဂုတ်လ ၁၄ ရက်တွင် ၄င်းတို့၏နှစ်ပတ်လည် 828 သုံးစွဲသူပရိသတ်များဆုံညီပွဲတော်မှာ အကြီးကျယ်ဆုံးချပြမိတ်ဆက်ပေးမည့် ကမ္ဘာ့အမြန်ဆုံးအားသွင်းနည်းပညာကို မျက်ဝါးထင်ထင်ကြည့်ရှုနိုင်စေရန် ကမ္ဘာတစ်ဝန်းလုံးမှာရှိကြသော နည်းပညာနယ်ပယ်အသိုင်းအဝိုင်း၊ မီဒီယာများ၊ realme အမာခံပရိသတ်များကို ဖိတ်ခေါ်ထားပြီဖြစ်သည်။

အံ့ဖွယ်ရာများကို ယူဆောင်လာခဲ့ပြီ၊ အမြန်ဆုံးအားသွင်းစနစ်အတွက် ကမ္ဘာ့စံချိန်သစ်ကို မှတ်တမ်းတင်သွားမည်
လာမည့်သြဂုတ်လ ၁၄ ရက်နေ့တွင် ကမ္ဘာ့အမြန်ဆုံးအားသွင်းနည်းပညာသစ်ကို ပြသမိတ်ဆက်ပေးသွားမည့်အချက်က စမတ်ဖုန်းအားသွင်းနည်းပညာနှင့် အခြားသောနောက်ဆုံးပေါ်နည်းပညာများအတွက် စံချိန်စံညွှန်းသစ်များကို သတ်မှတ်ပြဌာန်းပေးသွားမည်ဟုလည်း ဆိုနိုင်မည်ဖြစ်သည်။

အဆိုပါနေ့တွင် realme အနေဖြင့် သမိုင်းတွင် အမြန်ဆုံးအားသွင်းနည်းပညာအတွက် နောက်တစ်ကြိမ်အဖြစ် ကမ္ဘာ့စံချိန်ကို ချိုးဖြတ်သွားရန် မျှော်လင့်ထားခြင်းဖြစ်ကာ ကမ္ဘာ့မီဒီယာနှင့် ပရိသတ်များအနေဖြင့် ယခုလိုနည်းပညာသစ်တိုးတက်မှု၏တိုက်ရိုက်သရုပ်ပြစမ်းသပ်မှုကို ကြည့်ရှုနိုင်ရန်အတွက် တရုတ်နိုင်ငံ၊ ရှန်းကျန့်မြို့သို့ ဦးတည်သွားရောက်နေကြပြီဖြစ်ကာ စံချိန်သစ်ချိုးဖြတ်မည့်အမြန်နှုန်း၊ ထိရောက်မှုမြင့်မားခြင်းနှင့် အဆင့်မြင့် လုံခြုံမှုဆိုင်ရာအချက်များကို အဆိုပါပွဲတွင် ပြသပေးသွားမည်ဖြစ်သည်။

အဆိုပါနည်းပညာကိုအသုံးပြုထားသည့် အရန်တွဲဖက်ပစ္စည်းတီထွင်ဆန်းသစ်မှု ၄မျိုးကိုပါ ပထမဆုံးအကြိမ်အဖြစ် မိတ်ဆက်ပေးသွားဦးမှာဖြစ်ကာ အားသွင်းစွမ်းအားပိုင်း၊ ဘက်ထရီနည်းပညာပိုင်း၊ စွမ်းအင်ပြောင်းကွန်ဗက်တာအရွယ်အစားနှင့် စွမ်းအားချွေတာမှုဒီဇိုင်းပိုင်းတို့အတွင် အဆင့်မြင့်တိုးတက်မှုများနှင့်အတူ ကမ္ဘာကြီးကို ဦးဆောင်သွားနိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

အဆိုပါမိတ်ဆက်ပွဲအခမ်းအနားတွင် ဖန်တီးလုပ်ဆောင်နေဆဲဖြစ်သည့် realme ၏နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာများကိုပါ လှစ်ဟပြသသွားရန်ပါရှိနေပြီး AI စနစ်၊ စွမ်းဆောင်ရည်ပိုင်းနှင့် ပုံရိပ်အရည်အသွေးတို့နှင့်အတူ စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကို ပြန်လည်ဆန်းသစ်သွားစေမည်ဖြစ်သည်။ ယခုလို ထုတ်ပြန်ကြေညာချက်များက realme ၏နည်းပညာဖန်တီးမှုများအတွက် ခိုင်မာသည့်ရည်ရွယ်ချက်၊ သုံးစွဲသူများ၏မျှော်လင့်ချက်ကိုကျော်လွန်စေမည့် သာလွန်ကောင်းမွန်သောဖြေရှင်းဖန်တီးမှု၊ နည်းပညာဆိုင်ရာအတွေ့အကြုံများနှင့်အတူ လူငယ်သုံးစွဲသူများအတွက် စွမ်းအားမြှင့်တင်ပေးစွမ်းစေမည့် ၄င်းတို့၏ အားထုတ်ကြိုးပမ်းမှုများကို မီးမောင်ထိုးပြလိုက်ခြင်းဖြစ်သည်။

တီထွင်ဆန်းသစ်မှုနှင့် realme အဖွဲ့အစည်းအသိုင်းအဝိုင်းအတွက် ဆုံညီပွဲတော်
ယခုနှစ် realme ၏ နှစ်ပတ်လည် 828 သုံးစွဲသူပရိသတ်များဆုံညီပွဲတော်က တရုတ်နိုင်ငံ၊ ရှန်းကျန့်မြို့မှာရှိသည့် ကုမ္ပဏီဌာနချုပ်မှာ မီဒီယာနှင့် အမာခံအားပေးသူများအတွက် တံခါးဖွင့်ပေးလိုက်ခြင်းဖြစ်ပြီး သြဂုတ်လ ၁၃ ရက်မှ ၁၅ ရက်အထိ ၃ရက်ကြာကျင်းပပြုလုပ်မည့် အခမ်းအနားက realme ၏နောက်ဆုံးပေါ် အရန်တွဲဖက်ပစ္စည်းဖန်တီးမှုများကိုပါ အထူးသီးသန့်အနေဖြင့်ပထမဆုံးကြည့်ရှုလေ့လာနိုင်စေရန်အတွက် ဖွင့်လှစ်ပေးအပ်ထားမည်ဖြစ်သည်။

အမြန်ဆုံးအားသွင်းနည်းပညာကို စံချိန်တင်မိတ်ဆက်ပြသပေးခြင်းအပြင် realme အနေဖြင့် ၄င်းတို့၏ ဉာဏ်ရည်မြင့်စက်ရုံ (Intelligent Factory) ကိုပါ ပထမဆုံးအကြိမ်အဖြစ် အထူးလှည့်လည်ပြသပေးမှုများနှင့်အတူ ဖွင့်လှစ်ပေးသွားဦးမည်ဖြစ်ကာ ထုတ်လုပ်မှုဆိုင်ရာအဆင့်များ၊ အကြမ်းခံမှုအပိုင်းစစ်ဆေးမှုလုပ်ဆောင်ချက်များ၊ အကြမ်းခံမှုအပိုင်း စစ်ဆေးချက်များနှင့် ပုံရိပ်အရည်အသွေးဓာတ်ခွဲခန်းစစ်ဆေးမှုတိုင်းတာချက်များကိုပါ နောက်ကွယ်ကကြည့်ရှုနိုင်စေရန်အတွက် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ ရွေးချယ်ခေါ်ယူခဲ့ကြသည့် တက်ရောက်သူများအနေဖြင့် realme ၏ အမှုဆောင်အရာရှိများ၊ ထုတ်ကုန်ဖန်တီးမှုဆိုင်ရာအသင်းအဖွဲ့များကိုပါ တိုက်ရိုက်ထိတွေ့မေးမြန်းပြောဆိုနိုင်စေဦးမည်ဖြစ်သည်။
သီးသန့်ထုတ်ပြန်ချက်များ၊ နောက်ကွယ်ကဝင်ရောက်လိုက်ပါခွင့်၊ ကမ္ဘာ့အမြန်ဆုံးအားသွင်းနည်းပညာနှင့်အတူ အချိန်ကိုက်တပြေညီ အသစ်အသစ်ထုတ်ပြန်ချက်များအတွက် realme ၏ Social Media Channel တို့ကို Follow လုပ်ခြင်း၊ ဝက်ဘ်ဆိုက်စာမျက်နှာတို့ကို ဝင်ရောက်လေ့လာခြင်းများ ပြုလုပ်ထားနိုင်ပါသည်။ “အံ့အားသင့်ဖွယ်ရာများကို ယူဆောင်လာခဲ့ပြီး၊ ဒါဟာ realme။”

 

Media release: realme