ZTE ရဲ့ Nubia Brand က Red Magic 9 Pro နဲ့ Pro+ ကို ကြေညာလိုက်ပြီး စွမ်းရည်မြင့် Gaming ဖုန်းတွေ ဖြစ်ပါတယ်။ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 8 Gen 3 Chipset ထည့်သွင်းထားပြီး ဆန်းသစ်တဲ့ ဒီဇိုင်း၊ Shoulder Keys နဲ့ RGB Cooling Fans တွေ ပါလာပါတယ်။ အဲဒီ ဖုန်း ၂ လုံးဟာ ဟာ့ဒ်ဝဲတော်တော်များများတူညီပြီး Battery ၊ အားသွင်းနှုန်းနဲ့ RAM ပမာဏတွေပဲ ကွဲပြားပါတယ်။

Red Magic 9 Pro and Pro+ official with SD 8 Gen 3 up to 24GB RAM

Red Magic 9 Pro ဖုန်း ၂ လုံးစလုံးမှာ 6.8” AMOLED မျက်နှာပြင်ပြား တပ်ဆင်ထားပြီး 1116x2480p Resolution , 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 16MP ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားတာက ထူးခြားပါတယ်။ 1,600 Nits Peak Brightness နဲ့ 2,160Hz PWM Dimming  ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး နှလုံးခုန်နှုန်းကိုလည်း တိုင်းတာပေးနိုင်ပါတယ်။

Red Magic 9 Pro and Pro+ official with SD 8 Gen 3 up to 24GB RAM

Red Magic 9 မှာ 12GB LPDDR5X RAM နဲ့ 256/512GB UFS 4.0 Storage ၊ 9 Pro+ မှာ 16/24GB RAM နဲ့ 1TB Storage အထိ ထည့်သွင်းထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 10,182mm2 ဧရိယာ လွှမ်းခြုံထားတဲ့ ICE 13 Cooling System ပါပါတယ်။ ဒီစနစ်က ဖုန်း အပူချိန်ကို ၁၈ ဒီဂရီအထိ လျှော့ချပေးနိုင်ပါတယ်။

Red Magic 9 Pro design

Red Magic 9 Pro မော်ဒယ် အားလုံးမှာ လေယာဉ် အဆင့် အလူမီနမ် ဖရိမ် တပ်ဆင်ထားပြီး အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားကာ ကင်မရာတွေက သိပ်မငေါထွက်နေပါဘူး။ အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 50MP Ultrawide ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး Android 14 အခြေပြု Red Magic OS 9.0 မောင်းနှင်ထားပါတယ်။

Red Magic 9 Pro series pricing in China

Red Magic 9 မှာ 80W Wired Charging ပါတဲ့ 6,500mAh Battery နဲ့ 9 Pro+ မှာ 165W Fast Charging  ပါတဲ့ 5,500mAh Battery ထည့်ထားပါတယ်။

ဖုန်း ၂ လုံးစလုံးအတွက် Black, White Transparent နဲ့ Black Transparent အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Red Magic 9 Pro 8/256GB ဟာ ၆၂၀ ဒေါ်လာက စပြီး 12/512GB ဟာ ၇၆၁ ဒေါ်လာ ဖြစ်ပါတယ်။

Red Magic 9 Pro+ 16/256GB ဟာ ၇၇၅ ဒေါ်လာက စပြီး 24GB RAM/1TB ဟာ ၉၈၇ ဒေါ်လာ ဖြစ်ပါတယ်။ ဒီလ ၂၈ ရက်နေ့ တရုတ်မှာ ရောင်းချမှာပါ။

Ref : gsmarena