True Wireless နားကြပ်တွေ အများအပြား အပြိုင်အဆိုင် ထွက်ပေါ်လာနေပြီဖြစ်ပြီး ZTE ရဲ့ Nubia RedMagic Brand ကလည်း ဂိမ်း အသားပေး Cyberpods ကြိုးမဲ့ နားကြပ်ကို ရောင်းပေးလိုက်ပါပြီ။ တရားဝင် RedMagic Online Store ကနေ ရောင်းပေးလိုက်တာ ဖြစ်ပြီး  North America, Europe, Asia Pacific,  Middle East, နဲ့ Latin America တို့မှာ ဝယ်ယူနိုင်ပါပြီ။

RedMagic Cyberpods are available to buy on December 5

အဲဒီ နားကြပ်ကို တရုတ်မှာ ဇူလိုင်လက ကြေညာခဲ့ပြီး ပြီးခဲ့တဲ့ လက နိုင်ငံတကာအတွက် ချပြခဲ့ပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ ရောင်းဖို့ အစောပိုင်းက စီစဉ်ခဲ့ပေမယ့် အခုမှပဲ ရောင်းပေးလိုက်တာ ဖြစ်ပါတယ်။

RedMagic Cyberpods are available to buy on December 5

RedMagic Cyberpods ကြိုးမဲ့ နားကြပ်ဟာ စမတ်ဖုန်းနဲ့ ချိတ်ဆက်သုံးရင် 39ms Latency ရှိတဲ့အတွက် အသံနောက်ကျတာ နည်းပါးပါတယ်။ အသံအရည်အသွေး ကောင်းမွန်ပြီး အရမ်းကို ပေါ့ပါးပါတယ်။ ဂိမ်း အသားပေး နားကြပ် ဖြစ်တဲ့အတွက် Logo ကို အနီရောင်တောက်တောက် ဖန်တီးပေးထားပါတယ်။ RedMagic ရဲ့ ဂိမ်း စမတ်ဖုန်းတွေမှာလည်း အနီရောင်တွေနဲ့ လှပစွာ ဖန်တီးပေးထားပါတယ်။

RedMagic Cyberpods ကို ၅၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၆ သောင်း ၆ ထောင်လောက်ရှိပါတယ်။  နားကြပ်နဲ့ Charging Case က ဘက်ထရီပေါင်းရင် ၁၆ နာရီလောက် အသုံးခံပြီး နားကြပ်က ဘက်ထရီနဲ့ပဲသုံးရင် ၄ နာရီလောက် အသုံးခံပါတယ်။ နားကြပ်မှာ Bluetooth 5.0 နဲ့ USB-C Charging ထည့်သွင်းထားပါတယ်။

Ref : gsmarena