Redmi က ပြီးခဲ့တဲ့လမှာ Helio G88 SoC ပါတဲ့ Redmi 12 4G ကို ကြေညာခဲ့ပြီး 5G Version ကိုလည်း မကြာခင် မိတ်ဆက်တော့မယ်လို့ ထင်ပါတယ်။ Xiaomi က Redmi 12 5G Version အကြောင်း ဘာမှ မပြောသေးပေမယ့် Redmi 12 5G လို့ ထင်ရတဲ့ စမတ်ဖုန်း ၁ လုံး Geekbench ကို ရောက်လာပြီး အဓိက Specs တွေကို ဖော်ပြထားပါတယ်။

Redmi 12 5G spotted on Geekbench

မော်ဒယ်နံပါတ်က Xiaomi 23076RN4BI ဖြစ်ပြီး Android 13 နဲ့ Snapdragon 4 Gen 2 SoC ထည့်သွင်းထားပါတယ်။ 8GB RAM ပါလာပြီး တခြား Memory Options တွေလည်း ရှိနိုင်ပါတယ်။

Xiaomi 23076RN4BI ကို BIS ဒေတာဘေ့စ်မှာလည်း တွေ့လာရပြီ ဖြစ်တဲ့အတွက် အိန္ဒိယမှာ ရောင်းချမှာသေချာသွားပါပြီ။ Xiaomi ဟာ ဩဂုတ်လ ၁ ရက်နေ့ အိန္ဒိယမှာ Redmi 12 ကို ကြေညာမှာ ဖြစ်ပေမယ့် 4G Version လား၊ 5G Version လားဆိုတာ မသိရသေးပါဘူး။

Redmi 12 5G spotted on Geekbench - GSMArena.com news

Redmi က မျှဝေထားတဲ့ ဓါတ်ပုံအရ 4G Version နဲ့ 5G Version ဟာ ဒီဇိုင်းတူညီမှာ ဖြစ်ပြီး 50MP Main ကင်မရာ ပါလာမှာပါ။ အဲဒီ မော်ဒယ် ၂ ခု အကြားမှာ ကွဲပြားခြားနားချက်က Chipset ပဲလား၊ တခြား Specs တွေပါ ကွဲပြားမလားဆိုတာ မသိရသေးပါဘူး။

Redmi 12 5G ဟာ Snapdragon 4 Gen 2 SoC နဲ့ 5MP ဆဲလ်ဖီး ကင်မရာ ပါတဲ့ Redmi Note 12R ရဲ့ Version ၁ မျိုး ဖြစ်နိုင်ပါတယ်။

Ref : gsmarena