Xiaomi ကနေ Budget Redmi Series ဖုန်းအသစ်ဖြစ်တဲ့ Redmi 12 ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု Redmi 12 ဖုန်းဟာ မနှစ်တုန်းက Redmi 11 ကို အစားထိုးဝင်ရောက်လာတာဖြစ်ပြီး Thailand လိုမျိုး စျေးကွက်တွေမှာ စတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

Redmi 12 ဖုန်းဟာ 6.79″ Full HD+ LCD Display ကို အသုံးပြုထားပြီး Refresh Rate အနေနဲ့ 90Hz အထိ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Camera ပိုင်းမှာ 50MP Main Camera ၊ 8MP Ultrawide နဲ့ 2MP Macro Lens တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပါတယ်။ Selfie Camera အတွက် 8MP Camera ကို Punch-hole ပုံစံထည့်သွင်းထားပါတယ်။

Performance ပိုင်းမှာ MediaTek Helio G88 Chipset ကို အသုံးပြုထားပြီး RAM 4GB + 128GB သို့မဟုတ် RAM 8GB + 256GB Storage ဆိုပြီး ၂ မျိုးရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ Storage ကို ထပ်မံတိုးချဲ့လိုသူတွေအတွက် MicroSD Card Slot လည်းပါဝင်မှာပါ။

Battery အနေနဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 18W Charging ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Side-mounted Fingerprint Sensor ပါဝင်မှာဖြစ်ပြီး Android 13 ကို အခြေခံထားတဲ့ MIUI 13 ကို အသုံးပြုထားမှာပါ။

Redmi 12 ဖုန်းကို Midnight Black ၊ Sky Blue နဲ့ Polar Silver ဆိုပြီး အရောင် ၃ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး လက်ရှိ ထိုင်းနိုင်ငံမှာ ရောင်းချတဲ့စျေးနှုန်းအရ THB 5,299 ကနေ စတင်မှာဖြစ်တာကြောင့် မြန်မာငွေ ၄ သိန်းခွဲဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena