Xiaomi က အိန္ဒိယမှာ Redmi 13C Series ကို ကြေညာလိုက်ပြီး Redmi 13C နဲ့ Redmi 13C 5G တို့ ဖြစ်ပါတယ်။ 4G မော်ဒယ်ကို တချို့နိုင်ငံတွေမှာ ကြေညာထားပြီးပြီ ဖြစ်ပြီး အခုမှ 5G မော်ဒယ်ကို ပထမဆုံး ချပြလိုက်တာပါ။

Xiaomi announces Redmi 13C 5G with fancy design, 50 MP dual camera

Redmi 13C 5G မှာ 6.74” HD+ မျက်နှာပြင် တပ်ဆင်ထားပြီး Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။ 90Hz Refresh Rate နဲ့ 600 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ MediaTek Dimensity 6100 Plus Chipset မောင်းနှင်ထားပြီး LPDDR4x RAM နဲ့ UFS 2.2 Storage ပါပါတယ်။ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပါတယ်။

Xiaomi announces Redmi 13C 5G with fancy design, 50 MP dual camera

အနောက်ဘက်မှာ 50MP Main နဲ့ ဒုတိယ ကင်မရာ တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 5MP ဖြစ်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ microSD Card Slot နဲ့ နားကြပ်ပေါက် ပါပါတယ်။ 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပါတယ်။

ဈေးနှုန်း

Redmi 13C 5G ကို အိန္ဒိယမှာ Memory Configuration ၃ မျိုးထုတ်လုပ်ထားပါတယ်။

  • 4GB + 128GB – ₹10,999 (~$130)
  • 6GB + 128GB – ₹12,499 (~$150)
  • 8GB + 256GB – ₹14,499 (~$175)

Startrail Black, Startrail Silver နဲ့ Startrail Green အရောင်တွေ ထုတ်လုပ်ထားပြီး ဒီလ ၁၆ ရက်နေ့ စတင် ရောင်းချမှာပါ။

Ref : gizmochina