Redmi က ဩဂုတ်လမှာ Redmi 14C 4G ကို ကြေညာခဲ့ပြီး ဇန်နဝါရီလ ၆ ရက်နေ့မှာ 5G မော်ဒယ်ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။
Redmi India က ဒီသတင်းကို ကြေညာလိုက်တာ ဖြစ်ပြီး Xiaomi India Website မှာ Redmi 14C 5G ကို ဇန်နဝါရီလ ၆ ရက်နေ့မှာ အိန္ဒိယနဲ့ နိုင်ငံတကာမှာ ကြေညာမယ်လို့ ရေးသားထားပါတယ်။
Redmi က Redmi 14C 5G ရဲ့ Specification တွေကို မပြောသေးပေမယ့် အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေကို Xiaomi Website မှာ ဖော်ပြထားပြီး ဖုန်း ဒီဇိုင်းကို တွေ့မြင်ရပါတယ်။ ဖုန်း ဒီဇိုင်းဟာ 4G မော်ဒယ်နဲ့ တူညီပါတယ်။ Redmi 14C 5G မှာ 50MP Main ကင်မရာ ပါလာမယ်လို့ အတည်ပြုထားပါတယ်။
Redmi 14C 4G မှာတော့ 6.88” 120Hz HD+ Display တပ်ဆင်ထားပြီး Helio G81 Ultra Chipset ထည့်သွင်းထားပါတယ်။ 13MP ဆဲလ်ဖီး ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ အပို ကင်မရာ ၁ လုံး ပါပါတယ်။ 18W Charging နဲ့ 5,160mAh Battery ထည့်သွင်းထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။
Ref : gsmarena