ဘက်ထရီအားအကြာကြီးခံပြီး ဈေးနှုန်းသင့်တင့်တဲ့ 5G စမတ်ဖုန်းအသစ်တစ်လုံးကို ရှာနေတယ်ဆိုရင်တော့ Redmi 17C 5G  က သင့်အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ အဲဒီဖုန်းအသစ်လေးမှာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Dimensity 6300 chipset ကို တပ်ဆင်ထားတဲ့အပြင် 4GB RAM နဲ့ 64GB သို့မဟုတ် 128GB storage တွေ ရွေးချယ်နိုင်ပါတယ်။ Storage ထပ်တိုးချင်သူတွေအတွက် microSD card စိုက်လို့ရသလို နားကြပ်ပေါက်လေးလည်း ပါဝင်ပါသေးတယ်။

Redmi 17C 5G goes official with Dimensity 6300 SoC and 6,000mAh battery

ရုပ်ရှင်ကြည့်တာဖြစ်ဖြစ်၊ ဂိမ်းဆော့တာဖြစ်ဖြစ် ကြည်လင်ပြတ်သားမှုပေးစွမ်းနိုင်မယ့် ၆.၉ လက်မအရွယ် IPS LCD HD+ မျက်နှာပြင်အကြီးကြီးကို အသုံးပြုပေးထားပါတယ်။ 120Hz refresh rate ကြောင့် မျက်နှာပြင်ပွတ်ဆွဲရတာ အရမ်းကို ချောမွေ့နေမှာပါ။ ဓာတ်ပုံဝါသနာရှင်တွေအတွက် ကျောဘက်မှာ 50MP ပင်မကင်မရာကြီး ပါဝင်ပြီး အရှေ့ဘက်မှာတော့ ဆဲလ်ဖီလှလှလေးတွေ ရိုက်ကူးနိုင်ဖို့ 8MP ကင်မရာကို တပ်ဆင်ပေးထားပါတယ်။

Redmi 17C 5G launches with a 6.9-inch 120Hz screen, a 6,000mAh battery and  50MP camera - Gizmochina

အဲဒီဖုန်းရဲ့ အထူးခြားဆုံးအချက်ကတော့ 33W အမြန်အားသွင်းစနစ်ပါဝင်တဲ့ 6,000mAh ဘက်ထရီကြီးပါပဲ။ အားခဏခဏသွင်းစရာမလိုဘဲ တစ်နေကုန် စိတ်ကြိုက်အသုံးပြုနိုင်မှာပါ။ Android 16 အပေါ်မှာ အခြေခံထားတဲ့ နောက်ဆုံးပေါ် HyperOS 3 နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ အမည်း၊ အညိုနဲ့ ခရမ်းရောင်ဆိုပြီး ဆွဲဆောင်မှုရှိတဲ့ အရောင်သုံးမျိုး ထွက်ရှိထားကာ စင်ကာပူဈေးကွက်မှာ စင်ကာပူဒေါ်လာ ၂၇၉ (အမေရိကန်ဒေါ်လာ ၂၂၀ ခန့်) နဲ့ စတင်ဝယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။

Ref : gsmarena