ဖုန်းအားခဏခဏ သွင်းရတာကို စိတ်ပျက်နေပြီလား။ ဒါဆိုရင်တော့ Redmi ရဲ့ အစီအစဉ်သစ်က သင့်ကို အကြိုက်တွေ့စေမှာပါ။ နာမည်ကျော် သတင်းပေးပို့သူ Digital Chat Station ရဲ့ အဆိုအရ Redmi ဟာ တစ်ခါအားသွင်းရုံနဲ့ ရက်အတော်ကြာ အသုံးခံမယ့် 10,000 mAh ဘက်ထရီပါ စမတ်ဖုန်း သုံးမျိုးကို တစ်ပြိုင်နက် ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Xiaomi will rival Honor with a 10000mAh battery phone - Huawei Central

အဲဒီဖုန်းတွေမှာ ပါဝင်လာမယ့် ထူးခြားချက်တွေကတော့ –

အားသွင်းမြန်ဆန်မှု – ဘက်ထရီက တော်တော်နဲ့ အားမကုန်သလို အားပြန်သွင်းတဲ့အခါမှာလည်း 100W Wired Charging စနစ် ပါဝင်တာကြောင့် အကြာကြီး စောင့်နေစရာ မလိုပါဘူး။

လူကြိုက်များတဲ့ Series တွေမှာ ပါလာမှာ – ဒီဘက်ထရီအလန်းစားတွေကို လူတိုင်းသုံးနေတဲ့ Redmi Note line နဲ့ ဂိမ်းကစားသူတွေ ကြိုက်ကြတဲ့ စွမ်းဆောင်ရည်မြင့် K series ဖုန်းတွေမှာ ထည့်သွင်းပေးသွားမှာပါ။

နည်းပညာသစ် – ဘက်ထရီပမာဏ များပေမယ့် Silicon-carbon နည်းပညာကို သုံးထားတာကြောင့် ဖုန်းက အရမ်းကြီး ထူအမ်းအမ်း ဖြစ်မနေဘဲ ကိုင်လို့ကောင်းတဲ့ အနေအထားမှာ ရှိနေမှာ ဖြစ်ပါတယ်။

နိုင်ငံတကာဈေးကွက် – ဒီဖုန်းတွေကို တရုတ်နိုင်ငံမှာ အရင်ဖြန့်ချိမှာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ Poco နာမည်နဲ့ နိုင်ငံတကာဈေးကွက် (အထူးသဖြင့် အာရှဈေးကွက်) ထဲကို ရောက်လာဖို့ ရှိနေပါတယ်။

Leak Suggests Redmi Could Launch Xiaomi's First 10,000mAh Battery Phone - Gizmochina

ဒီဖုန်းတွေသာ တကယ်ထွက်လာရင်တော့ Power Bank တွေ သယ်နေစရာ မလိုတော့ဘဲ ခရီးသွားတဲ့အခါဖြစ်ဖြစ်၊ ဂိမ်းအကြာကြီး ကစားတဲ့အခါဖြစ်ဖြစ် တကယ့်ကို အဆင်ပြေသွားမယ့် ဖုန်းတွေ ဖြစ်လာမှာပါ။ ၂၀၂၆ ခုနှစ်အတွင်းမှာ မြင်တွေ့ရဖို့ မျှော်လင့်ရတဲ့အတွက် Redmi ပရိသတ်တွေ စောင့်ကြည့်ရကျိုး နပ်မှာ အသေအချာပါပဲ။

Ref: gsmarena