Xiaomi က ဒီနှစ် အစောပိုင်းမှာ Redmi K60 နဲ့ K60 Pro ကို ရောင်းချခဲ့ပြီးပါပြီ။ အခုတော့ Redmi K60 Ultra ရဲ့ အလှည့် ဖြစ်ပါတယ်။ Redmi K60 Ultra ကို မှတ်ပုံတင်ထားပြီး တရုတ်မှာ မကြာခင် ကြေညာနိုင်ပါတယ်။

Redmi K60 Ultra certification on 3C database

Redmi K60 Ultra ကို တရုတ်က 3C ရဲ့ ဒေတာဘေ့စ်မှာ တွေ့လာရပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က 23078RKD5C ဖြစ်ပါတယ်။ အဲဒီမှာ 120W Charging ပါလာမယ်လို့ဖော်ပြထားပြီး Charger က Xiaomi MDY-14-ED Charger လို့ သိရပါတယ်။ အဲဒီ Charger ကိုပဲ Redmi K60 Pro မှာ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Redmi K60 Ultra ကို တရုတ်  နိုင်ငံ ပြင်ပမှာ Xiaomi 13T Pro အမည်နဲ့ ရောင်းချမယ်လို့သတင်းထွက်နေပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးစလုံးမှာ 6.67” OLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 144Hz Refresh Rate ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ MediaTek ရဲ့ Dimensity 9200 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး ကင်မရာ ၃ လုံး တပ်ဆင်ထားနိုင်ပါတယ်။

Redmi k60 Ultra schematics

Qualcomm ဟာ ဒီနှစ် အောက်တိုဘာလမှာ ကျင်းပမယ့်  2023 Snapdragon Tech Summit မှာ Snapdragon 8 Gen 3 ကို ကြေညာမယ်လို့ထင်ရပါတယ်။ အဲဒီ Chipset ပါတဲ့ ဖုန်းတွေဟာ နိုဝင်ဘာလမှာ ထွက်လာနိုင်ပါတယ်။ Xiaomi 14 Series ဟာ အဲဒီ Chipset ပါတဲ့ ပထမဆုံး ဖုန်းတွေထဲက ဖြစ်နိုင်ပါတယ်။ Redmi K70 Series မှာ အဲဒီ Chipset ပါလာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena