Redmi K60 Ultra ကို တရုတ်မှာ ကြေညာလိုက်ပြီး ထွက်ထားသမျှ Redmi ဖုန်းတွေထဲမှာ စွမ်းရည် အမြင့်ဆုံး ဖြစ်ပါတယ်။ Redmi ဖုန်း ၁ လုံးမှာ ပထမဆုံးဆိုတဲ့ လုပ်ဆောင်ချက်တချို့ပါလာပါတယ်။

Redmi K60 Ultra

Redmi K60 Ultra ရဲ့ ဒီဇိုင်းဟာ Redmi K60 Series နဲ့ Xiaomi 13 Series ကို ပေါင်းစပ်ထားပုံရပါတယ်။ ပြားချပ်တဲ့ မျက်နှာပြင်နဲ့ ဖရိမ်တွေကို အသုံးပြုထားပေမယ့် အနောက်ဘက် မျက်နှာပြင်က ကွေးညွှတ်ပါတယ်။

အနောက်ဘက်မှာ စတုရန်းပုံ ကင်မရာ Island ထည့်သွင်းထားပြီး ဘေးနှစ်ဖက်ကို ဆင်ခြေလျှော ဒီဇိုင်းလုပ်ထားတာက ထူးခြားပါတယ်။ IP68 ရေစိုခံစံနှုန်း ပါလာပြီး ရေထဲနှစ်လို့ရတဲ့ ပထမဆုံး Redmi ဖုန်း ဖြစ်လာပါတယ်။

6.67” Punch Hole OLED 1.5K မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 2,880Hz PWM Frequency နဲ့ 2,600 nits Peak Brightness ထည့်သွင်းထားပါတယ်။

MediaTek Dimensity 9200 Plus Chipset မောင်းနှင်ထားပြီး 24GB LPDDR5x RAM နဲ့ 1TB UFS 4.0 Storage အထိ ရွေးချယ်နိုင်ပါတယ်။ PixelWorks X7 Display Chip ပါလာပြီး Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပါတယ်။

Redmi K60 Ultra specifications (image via Redmi)

အနောက်ဘက်မှာ OIS ပါတဲ့ 50MP Sony IMX800 Main, 8MP Ultrawide, 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 20MP ကင်မရာ ၁ လုံး ပါပါတယ်။

စတီရီယို စပီကာ ၂ လုံး၊ IR Blaster ၊ X-axis Vibration Motor နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပြီး 120W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

ဈေးနှုန်း

  • 12GB + 256GB – ¥2,599 (~$360)
  • 16GB + 256GB – ¥2,799 (~$385)
  • 16GB + 512GB – ¥2,999 (~$400)
  • 16GB + 1TB – ¥3,299 (~$455)
  • 24GB + 1TB – ¥3,599 (~$495)

အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး ဒီလ ၁၆ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။ 24GB+1TB Version ကိုတော့ ဒီလ ၂၂ ရက်နေ့နောက်ပိုင်းမှ ဝယ်ယူနိုင်မှာပါ။

Ref : gizmochina