ဈေးချိုတဲ့ စွမ်းရည်မြင့် ဖုန်း Redmi K60 Ultra ကို ပြီးခဲ့တဲ့လက တရုတ်က 3C မှာ တွေ့ခဲ့ရပြီး မော်ဒယ်နံပါတ်က 23078RKD5C ဖြစ်ပါတယ်။ အဲဒီဖုန်းကို Xiaomi MIX Fold 3 , Xiaomi Pad 6 Max , Redmi Pad 2 တို့နဲ့အတူ ဩဂုတ်လမှာ ကြေညာမှာပါ။ အခုတော့ Redmi K60 Ultra ရဲ့ RAM , Storage နဲ့ အရောင်တွေကို သိလာရပါပြီ။

Redmi K60 Ultra design-

တရုတ်က Tipster က Redmi K60 Ultra အတွက် 12GB RAM+512 GB Storage နဲ့ 16GB RAM+1TB Storage ၂ မျိုး ထုတ်လုပ်ထားမယ်လို့ ပြောပါတယ်။ Black နဲ့ Cyan ၂ ရောင် ထုတ်လုပ်ထားမှာဖြစ်ပြီး Dimensity 9200 Plus Chipset မောင်းနှင်ထားမှာပါ။

ဒီထက် စွမ်းရည်မြင့်တဲ့ ဖုန်းကို လိုချင်ရင် Snapdragon 8 Gen 2 ပါတဲ့ Redmi K60 Pro ကို ရွေးချယ်နိုင်ပြီး ၃၅၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Xiaomi 13T Pro, aka Redmi K60 Ultra, tipped to debut as Dimensity 9200-powered flagship smartphone in mid-2023 - NotebookCheck.net News

ပေါက်ကြားသတင်းတွေအရ Redmi K60 Ultra မှာ 6.7” OLED 1.5K မျက်နှာပြင်တပ်ဆင်ထားမှာ ဖြစ်ပြီး 144Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Android 13 OS အခြေပြု MIUI 14 မောင်းနှင်ထားမှာ ဖြစ်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားမှာပါ။ 120W Fast Charging ထောက်ပံ့တဲ့ 5,000mAh သို့မဟုတ် 5,500mAh Battery ပါလာနိုင်ပါတယ်။

Ref: gizmochina