Redmi ဟာ ဒီနှစ်ကုန်မှာ Redmi K70e, K70 နဲ့ K70 Pro တို့ကို ကြေညာမှာဖြစ်ပြီး Dimensity 8300, Snapdragon 8 Gen 2 နဲ့ Snapdragon 8 Gen 3 တို့ အသီးသီးပါလာမှာပါ။ အခုတော့ Digital Chat Station က Redmi K70 Pro မှာ သတ္တု အလယ်ဖရိမ် ပါလာမှာ ဖြစ်ပြီး အရင်မျိုးဆက်ထက် ပိုမိုကြံ့ခိုင်လာမယ်လို့ ပြောပါတယ်။ K70 Pro ဟာ Telephoto ကင်မရာ ပါတဲ့ ပထမဆုံး Redmi K Series ဖုန်း ဖြစ်လာမှာပါ။ Telephoto ကင်မရာဟာ 3x Optical Zoom ကို ထောက်ပံ့နိုင်ပါတယ်။

Redmi K70e, K70 နဲ့ K70 Pro ရဲ့ မော်ဒယ်နံပါတ်တွေက 23117RK66C, 2311DRK48C နဲ့ 23113RKC6C အသီးသီး ဖြစ်ကြပါတယ်။ Digital Chat Station က K70 Pro (23113RKC6C) မှာ နောက်ထွက်မယ့် Snapdragon 8 Gen 3 ပါလာမယ်လို့ ပြောခဲ့ပါတယ်။ မကြာခင်က Geekbench က စာရင်းအရ Dimensity 9200+ Chip ထည့်ထားမယ်လို့ သိရပါတယ်။

Redmi's New Flagship Redmi K70 Pro to be powered by Qualcomm Snapdragon 8  Gen 2 - xiaomiui

တခြားသတင်းတွေအရ Redmi K70 Pro မှာ မျက်နှာပြင်ပြား တပ်ဆင်ထားမှာ ဖြစ်ပြီး 2K Resolution ရှိမှာဖြစ်ကာ 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Snapdragon 8 Gen 3 Chip မောင်းနှင်ထားမှာ ဖြစ်ပြီး 24GB LPDDR5x RAM နဲ့ 1TB UFS 4.0 Storage အထိ ထောက်ပံ့ထားမှာပါ။

120W Fast Charging ပါတဲ့ 5,120mAh Battery ထည့်သွင်းထားမှာ ဖြစ်ပြီး Android 13 အခြေပြု MIUI 14 မောင်းနှင်ထားမှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားမှာပါ။ K70 Pro ကို နိုင်ငံတကာမှာ Poco F6 Pro အမည်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gizmochina