Redmi K Series ဆိုတာနဲ့ Specs ကြမ်းကြမ်းတွေကို ဈေးသက်သက်သာသာနဲ့ ပေးလေ့ရှိတဲ့အတိုင်း အခုလည်း Redmi K90 Max ကို Flagship ဖုန်းတွေတောင် လန့်သွားရမယ့် Specs တွေနဲ့ မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းမှာ MediaTek ရဲ့ အားအကောင်းဆုံး Dimensity 9500 Chipset ကို အသုံးပြုထားပြီး RAM 16GB နဲ့ Storage 1TB အထိ ရရှိနိုင်မှာပါ။ အထူးခြားဆုံးကတော့ ဖုန်းအတွင်းပိုင်းမှာ အပူချိန် ၁၀ ဒီဂရီအထိ လျှော့ချပေးနိုင်မယ့် Cooling Fan နဲ့ Vapor Chamber အအေးခံစနစ် ပါဝင်လာတာဖြစ်ပြီး AnTuTu Score မှာလည်း ၄ သန်းကျော်အထိ စံချိန်တင် ရရှိထားပါတယ်။

Redmi K90 Max arrives with Dimensity 9500, cooling fan and 8,500mAh Si-C battery with 100W charging

မျက်နှာပြင်ပိုင်းမှာ ၆.၈၃ လက်မရှိတဲ့ 1.5K 2722x1280p AMOLED Panel ကို သုံးထားပြီး 165Hz Refresh Rate နဲ့ အမြင့်ဆုံးတောက်ပမှု 3,500 nits အထိ ရရှိမှာပါ။ TCL က ထုတ်လုပ်တဲ့ ဒီ Display မှာ Ultrasonic လက်ဗွေဖတ်စနစ် ပါဝင်ပြီး အရှေ့ဘက်မှာ 20MP Selfie ကင်မရာ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် အသံပိုင်းအတွက် Bose က Tuning လုပ်ပေးထားတဲ့ Stereo စပီကာတွေ ပါဝင်တာကြောင့် ဖျော်ဖြေရေးပိုင်းမှာ အကောင်းဆုံး ခံစားမှုပေးနိုင်မှာ ဖြစ်ပါတယ်။

Redmi K90 Max arrives with Dimensity 9500, cooling fan and 8,500mAh Si-C battery with 100W charging

ကင်မရာပိုင်းမှာတော့ OIS ပါဝင်တဲ့ 50MP Main (Light Hunter 800) နဲ့ 8MP Ultrawide တို့ကို သုံးထားပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာ Android 16 အခြေခံ Hyper OS 3.0 နဲ့ လည်ပတ်မှာဖြစ်ပြီး IP66/68/69 ရေစိုဖုန်စိုခံစနစ်လည်း ပါဝင်ပါတယ်။ အားသွင်းစနစ်မှာ 100W Wired Charging နဲ့ 22.5W Reverse Charging တို့ ပါဝင်တဲ့အပြင် Bypass Charging စနစ်ကိုပါ ထောက်ပံ့ပေးထားတာကြောင့် ဂိမ်းကစားသူတွေအတွက် အဆင်ပြေစေမှာပါ။

ဘက်ထရီပိုင်းမှာတော့ 8,500mAh ပမာဏရှိတဲ့ Si-C ဘက်ထရီကြီးကို ထည့်သွင်းပေးထားပြီး ဒါဟာ အခုခေတ်ဖုန်းတွေထဲမှာ အတော်လေး များပြားတဲ့ ပမာဏလို့ ဆိုရမှာပါ။ Redmi K90 Max ကို အနက်၊ အပြာနဲ့ ငွေရောင်ဆိုပြီး အရောင် ၃ မျိုး ထုတ်လုပ်ထားကာ တရုတ်မှာ ဈေးနှုန်းအားဖြင့် 12/256GB ကို ၃,၁၉၉ ယွမ် (ဒေါ်လာ ၄၇၀ ဝန်းကျင်) ကနေ စတင်ရောင်းချနေပါတယ်။ နိုင်ငံတကာဈေးကွက်မှာ ဘယ်တော့ရောင်းချမလဲဆိုတာကိုတော့ Xiaomi ဘက်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

Ref : gsmarena