Xiaomi က Redmi Note 13 Series စမတ်ဖုန်းတွေကို ဖန်တီးနေပြီး တရုတ်မှာ အောက်တိုဘာလ ကြေညာနိုင်ပါတယ်။ အဲဒီ Series မှာ Redmi Note 13, Note 13 Pro နဲ့ Note 13 Pro+ တို့ ပါလာနိုင်ပါတယ်။ အခုတော့ Tipster Digital Chat Station က Note 13 Pro+ ရဲ့ Specs တချို့ကို မျှဝေလိုက်ပါတယ်။

Redmi Note 13 Pro+ Tipped to Feature 200MP Primary Camera: Battery, Display  Specifications and Schematics Revealed - MySmartPrice

Redmi Note 12 Series ထဲမှာ Note 12 Pro+ ၁ လုံးထဲမှာပဲ 200MP ကင်မရာ ပါလာတာပါ။ အဲဒီလိုပဲ Redmi Note 13 Pro+ မှာလည်း 200MP ကင်မရာ ပါလာနိုင်ပါတယ်။ အဲဒီ ကင်မရာဟာ 4x in-sensor Zoom ထောက်ပံ့မှာ ဖြစ်ပြီး 120W Fast Charging ပါတဲ့ 5,000mAh Battery ပါလာမှာ ဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်လာတဲ့သတင်းအရ Redmi Note 13 Pro+ ဟာ မျက်နှာပြင်ကွေး ပါတဲ့ Redmi ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ မျက်နှာပြင်ရဲ့ Resolution က 1.5K ဖြစ်နိုင်ပါတယ်။ Digital Chat Station က မျက်နှာပြင်ရဲ့ တခြား သတင်းအချက်အလက်တွေကို မပြောပေမယ့် 120Hz Refresh Rate ပါလာနိုင်ပါတယ်။

Redmi Note 13 Pro+ Curved display, stunning 200MP cam.

Redmi Note 13 Series ဖုန်း အားလုံးရဲ့ ဒီဇိုင်းဟာ တူညီမှာ မဟုတ်ပါဘူး။ Note 13 နဲ့ Note 13 Pro မှာ မျက်နှာပြင်ပြားနဲ့ Note 13 Pro+ မှာ မျက်နှာပြင်ကွေး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Redmi Note 13 Series ကို ကြေညာဖို့ အချိန်အများကြီးလိုသေးတဲ့အတွက် ဒီကြားထဲမှာ သတင်းအချက်အလက်တွေ ပိုမိုထွက်ပေါ်လာဦးမှာပါ။

Ref : gizmochina